Pages

Tuesday, December 10, 2013

အဆီပြန်ပြီးခြောက်သွေ့ သော အသားအရေအတွက် သဘာဝကုထုံး

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့  အပြင်ဘက်ဆုံးအလွှာဖြစ်လို့  လေ-ရေ-နေ စတဲ့
ရာသီဥတု ဒဏ်အမျိုးအမျိုးအပြင်၊ ဖုန်-မီးခိုး-ဓာတုဓာတ်ငွေ့ အမျိုးမျိုးတို့နှင့် နေ့  တဓူဝထိတွေ့ နေရပါတယ်။ မွေးရာပါ ဇီဝဖြစ်တည်မှုကြောင့်လူတစ် ဦးနှင့်တစ်ဦး အသား အရေအမျိုးအစားမတူကြဘဲ ပုံမှန်အသားအရေ၊ အဆီပြန်သော အသား အရေ၊ ခြောက်သွေ့ သောအသားအရေ နှင့် အဆီပြန်ပြီး ခြောက်သွေ့ သောအသား အရေ ဆိုပြီးရှိကြပါတယ်။ ယနေ့ အလှကုန်ဈေးကွက်မှာ အဆိုပါအသားအရေ အမျိုးမျိုးအတွက် အရေ ပြားထိန်းသိမ်းတဲ့ နိုင်ငံစုံ၊ တံဆိပ်စုံ၊ အမယ်စုံ အလှပြင်ပစ္စည်း များရောင်းချလျှက်ရှိနေကြပြီး၊ မိမိအသားအရေနှင့် သင့်တော် လိုက်ဖက်တဲ့ ပစ္စည်းမျိုးကိုအရွေးမမှားဖို့ အထူးလိုအပ်ပါတယ်။


T-zoneလို့ ခေါ်တဲ့ နှဖူး၊ နှာခေါင်းနှင့်နှာခေါင်းဘေးပတ်လည်ပါးများ၊မေးစေ့စသည် တို့ မှာ အဆီပြန်နေတတ်ပြီး၊ ကျန်တဲ့နေရာ တွေကပုံမှန်ထက်အသား အရေခြောက်သွေ့ နေတာကို "အဆီပြန်ပြီးခြောက်သွေ့ သောအသား အရေပိုင်ရှင်" လို့ ဆိုပါတယ်။ ထို သူများအတွက် ဘေးထွက်ဆိုးကျိုးကင်း၍၊ လွယ်ကူသက်သာတဲ့ သဘာဝ ကုထုံးများဖြင့်အောက်ပါ အတိုင်းမျှဝေလိုက်ပါရစေ။

ကြိုတင်ကာကွယ်နည်း။
* ဖြစ်နိုင်ရင် နေပူထဲမထွက်ပါနှင့်။
* အဆီမပါသော oil freeမိတ်ကပ် နဲ့  ပေါင်ဒါကိုသာရွေးသုံးပါ။ ကရင်မ်မလိမ်း သင့်ပေ။ဖြစ်နိုင်ရင် Tea Tree Herbal(ခေါ်) လ္ဘက်စိမ်းရွက်အဆီဖြင့်ပြုလုပ် ထားသော အလှကုန်ပစ္စည်းများကိုသာရွေးဝယ်ပါ။
* ရေနွေးနွေးဖြင့်မျက်နှာသစ်ပါ(ရေနွေးပူမဟုတ်ပါ)
* ကာဗွန်ဒိုင်အောက်ဆိုဒ်ထဲ့ထားသော ဆော်ဒါ/ဘိလပ်ရည်များ မသောက်ရ။ သကြား၊
ချောကလက် နှင့် အာလူးချောင်း ကြော်များ မစားရ။ ဆီကြော်မုန့် များ၊ ကော်ဖီနှင့် အရက်များရှောင်ပါ။
* ရေများများသောက်ပါ။
* နေ့ စဉ် ၇-နာရီ(သို့ မဟုတ်)၈-နာရီကြာအိပ်စက်ပါ။
* ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေလို့ 
အရေပြားကျမ္မာသန့် စင်လာစေပါတယ်။
သဘာဝကုထုံးလေးများ။
* ကြက်ဥအနှစ် ၁-လုံး၊ သံလွင်ဆီစားပွဲတင်ဇွန်း -၁ဇွန်း၊
လိမ္မော်ရည်စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် သံပုရာရည် အနည်းငယ်တို့  ရော၍
သမအောင်မွှေပြီး၊ နံက်တိုင်းမျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ် ၃၀ကြာတဲ့အခါ၊
ရေနွေးနွေးဖြင့် မျက်နှာသစ်ပါ။
* အဆီပြန်ပြီးခြောက်သွေ့ သော အသားအရေအတွက် ရှားစောင်းလပ်ပတ်ဂျယ်လီက
အကောင်းဆုံးပါဘဲ။
* mineral water(ခေါ်)အရည်ပျော်သည့်ဆားများပါရှိသော သဘာဝရေဖြင့်
မျက်နှာသစ်ပါ။ (သို့ မဟုတ်) ဆားခါးကို ရေဖြင့်ဖျော်၍ မျက်နှာအနှံ
့ပွတ်တိုက်ဆေးကြောပါ။
* မုန်လာဥနီ၊ ကိုက်လံ၊ ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ခရမ်းချဉ်သီး စတဲ့ဗီတာ မင်အေ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက် များများစားပေးပါ။
* ထောပတ်သီး တ၀က်ကို သံပုရာသီးတစ်လုံးညှစ်၍ သမအောင်ရောမွှေပြီး၊
မျက်နှာအနှံ့ လိမ်းပါ။ မိနစ် ၃၀ အကြာ ရေ အေးဖြင့် သန့် စင်ပါ။
* ဌက်ပျောသီးမှည့်မှည့်ကို ဇွန်းဖြင့်ခေါက်ပြီး၊ ရလာသော အနှစ်များဖြင့်မျက်နှာ အနှံ့ လိမ်း၍ နာရီဝက်ခန့် အကြာ ရေနွေး နွေးဖြင့် မျက်နှာသစ်ပါ။
* ကြက်သွန်နီကိုကြိတ်ချေ၍ ရလာသောသတ္တုရည်ဖြင့်အထူး သဖြင့်အ ဆီပြန်ပြီးခြောက်သွေ့ သောနေရာများဖြစ်ကြတဲ့ မျက်ခုံးမွှေး ၂-ခုကြား၊ နဖူး၊ ပါးအို့ ၂-ဘက်၊ နှာခေါင်းထိပ်၊ မေးစေ့ တို့ ကို
လိမ်းပေးပါ။
* အရေပြားခြောက်သွေ့ မှုကိုသက်သာစေအောင် မုန်ညင်းဆီ(သို
့မဟုတ်)အုန်းဆီလိမ်းပြီး၊ ၁၅ မိနစ်ခန့် အကြာမှ ရေချိုးပါ။

(တင်ထက်ထက်ဇော်….မျှဝေသည်)
(မှီငြမ်း။ Home Remedies For Oily and Dry Skin By Abhishek on
Saturday, 13 July 2013 | 14:35)

 https://www.facebook.com/medicalarticlesforpeople

No comments:

Post a Comment