Pages

Wednesday, December 4, 2013

သွေးတွင်းအချိုဓာတ် ကျဆင်းသည့် လက္ခဏာများ

(၁) မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခြင်း
သွေးတွင်းအချိုဓာတ်ကျလာသည်နှင့် စိတ်မတည်ငြိမ်တော့ပေ။ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဆတ်ဆတ်ထိမခံဖြစ်လာခြင်း၊ မျက်ရည်ကျခြင်းအထိ ဖြစ်ပေါ်လာတတ်သည်။

(၂) မူးဝေခြင်း
သွေးတွင်းအချိုဓာတ်ကျလျှင် ဆာလောင်မှုဖြစ်ပေါ်ပြီး မူးဝေလာတတ်သည်။သကြားပါဝင်သည့် အချို ရည်မုန့်တစ်ခုခုစားခြင်းဖြင့် သက်သာစေနိုင်သည်။
(၃) ရုတ်တရက် ကတုန်ကရင်ဖြစ်ခြင်း
ချက်ချင်းဆိုသလို ခြေတုန်လက်တုန်ဖြစ်လာတတ်သည်။ သို့သော် ကတုန်ကရင်ဖြစ်တိုင်း သွေးချိုဓာတ်ကျသည်ဟု တစ်ထစ်ချ မမှတ်ယူသင့်ပေ။ အချို့လူများတွင် အစာစားချိန် ရောက်သည်နှင့်တုန်လာတတ်သည်။
(၄) ပူအိုက်ခြင်းကြောင့် မဟုတ်ဘဲ ချွေးထွက်ခြင်း
အကြောင်းရင်း မည်မည်ရရ မရှိဘဲ ချွေးထွက်လာပါက သွေးချိုကျခြင်းကြောင့် ဖြစ်နိုင်သည်။ အချိုဓာတ်ကျလာပါက ခန္ဓာကိုယ်တွင်း ဖိစီးမှုဖြစ်ပ်ါပြီး လောင်စာဆီနည်းပါးစွာ အလုပ်လုပ်ရသကဲ့သို့ ပင်ပန်းကာ ချွေးထွက်လာတတ်သည်။
(၅) သတိကင်းလွတ်ခြင်း
နားအူခြင်း၊ လျှာလေးအာလေး ဖြစ်ခြင်း၊ ၀ါကျတစ်ကြောင်း ဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ခြင်း၊ သတိလစ်ခြင်းအထိ ဖြစ်တတ်သည်။

ဇော်ကို
Ref: Health Central
Health Updates Journal

No comments:

Post a Comment