“နော်ဝေးမှာပဲ သေချင်သေသွားပစေ ... ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး” ဆိုတဲ့ အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
“နော်ဝေးမှာပဲ သေချင်သေသွားပစေ ... ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး” ဆိုတဲ့
အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
အဆိုတော် မွန်းအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
ကိုညို (အော်စလို)
(နေ့သစ်မီဒီယာမှ ကူးယူဖော်ပြပါသည်။)
(နေ့သစ်မီဒီယာမှ ကူးယူဖော်ပြပါသည်။)
ကိုမွန်းအောင်ကို လူသိများတဲ့ အဆိုတော်ဘ၀ကနေ တော်လှန်သူတယောက်အဖြစ် တွန်းပို့လိုက်တဲ့ အရာတွေက ဘာလဲ။
ကလေးဘ၀ကတည်းက ကိုယ်တိုင် တွေ့မြင် ခံစားခဲ့ရတဲ့ မတရားမှု ဖိနှိပ်မှုတွေပေါ့ဗျာ။ စစ်သားတွေ၊ သေနပ်တွေ၊ စစ်ထရပ်ကားတန်းရှည်ကြီးတွေ၊ ဟယ်လီကော်ပရာတွေ၊ သေနတ်ဒဏ်ရာတွေ၊ ညမထွက်ရအမိန့်တွေနဲ့ ပေါ်တာဆွဲတာတွေ အိမ်တိုင်းမှာရှိတဲ့ ကတုတ်ကျင်းတွေက ကျနော့် ကလေးဘ၀ကတည်းက မြင်ကွင်းတွေ။ မြစ်ကြီးနားမှာ ကျနော်နေတာ၊ မြို့ရဲ့ ၁၀ မိုင်အပြင်ဘက်ကိုတောင် မထွက်ရဲဘူးဗျ။ လုံခြုံမှုမရှိလို့ပါ။ အသက်လည်း အာမခံချက်မရှိဘူး၊ တကယ်လို့ ဖားကန့်သွားမယ်ဆို အချိန်မရွေး ပေါ်တာဆွဲမယ်၊ ဒါမှမဟုတ် KIA ကလည်း တပ်သားသစ်အဖြစ် ဆွဲခေါ်သွားမှာပဲ။ မြစ်ကြီးနားကနေ မြစ်ဆုံရောက်ဖို့ စစ်တပ်ဂိတ် ၃-၄ ခုလောက်ကို ဖြတ်ပြီးသွားရတာ။ စစ်အုပ်ချုပ်ရေးအောက် လူမှန်းမသိခင်ကတည်းက ရောက်နေတာ။ ငယ်ငယ်ကတည်းက ကာဖျူးနဲ့ နေလာတာ။
အိမ်ဘေးက သူငယ်ချင်း ပျောက်သွားတယ်၊ သတင်းပြန်ကြားတော့ သူ KIA ထဲမှာ သေနတ်ကိုင်နေပြီတဲ့။ ကျနော့် ငယ်သူငယ်ချင်းတော်တော်များဟာ အဲလို သူပုန်တွေ ဖြစ်ကုန်တယ်။ သူတို့ဟာ အင်မတန် ခင်စရာကောင်းတယ်။ သဘောကောင်းပြီး ကူညီတတ်သူတွေ ဘာကြောင့် သူပုန်တွေဖြစ်ကုန်ရတာလဲဆိုတာ ကျနော့်လူငယ်ဘ၀က ပုစ္ဆာတွေပေါ့။ နောက်ဆုံးတော့ သူတို့ ဘယ်လိုဝါဒဖြန့်ဖြန့် ကျနော်တို့ဟာ ဖိနှိပ်ခံနေရတယ်ဆိုတာ သိသွားတာပဲ။ ဖိနှိပ်တာတောင်မှ ရိုင်းရိုင်းစိုင်းစိုင်းပဲ။ ဘာဥပဒေမှ မရှိဘူး၊ ရုပ်ရှင်ရုံရှေ့မှာ အမြင်ကတ်လို့ဖြစ်စေ၊ မသင်္ကာလို့ဖြစ်စေ စစ်သားတယောက်က ပါးရိုက်လိုက်တာမျိုးတွေပေါ့။ ဒီမတရားမှုတွေက တော်လှန်ချင်စိတ်တွေ ဖြစ်စေတာပါပဲ။
ကိုမွန်းအောင် အောင်မြင်နေတဲ့အချိန် တောခိုခဲ့ရတာဆိုတော့ အနုပညာထက် မိမိယုံကြည်မှုကို ပိုပြီးတန်ဘိုးထားတာလား။
သီချင်းတွေ တီးရ ဆိုရတာ ကျနော် ပျော်တယ်။ သီချင်းတီးခတ်သီဆိုနေရရင် ခန္ဓာအစိတ်အပိုင်းတွေအားလုံး သက်တောင့်သက်သာ ဖြစ်သွားသလိုပဲ။ တယောက်ယောက်ကို သီချင်းဆိုပြလိုက်ရရင် ရင်ထဲမှာ ပီတိဖြစ်နေတာမျိုးပါ။ သီချင်းတွေကို ၀ါသနာအရဆိုတာ ဖြစ်တယ်။ တကယ်တမ်း သီချင်းဆိုစားတာမျိုးတော့ ကျနော် စိတ်မ၀င်စားဘူး။ သီချင်းဆိုပြီး ပိုက်ဆံရှာတာမျိုး ကျနော် မလုပ်ခဲ့ဖူးဘူး။ ဗမာပြည်မှာလည်း ပွဲတွေအများကြီး လုပ်နိုင်တာပဲ ကျနော် မလုပ်ခဲ့ပါဘူး။ မင်္ဂလာဆောင်တွေမှာ သီချင်းဆိုစားတာတွေ မလုပ်ဘူး။ ကျနော်က ဟိုကတည်းက တော်လှန်ရေးသီချင်းတွေ ဆိုချင်ခဲ့တယ်။ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ဆိုချင်လို့ သီချင်းရေးတဲ့ ကိုနေ၀င်းကို ပုသိမ်အထိ သွားတွေ့တယ်။ ကိုနေ၀င်းကတော့ ခွင့်ပြုချက်ပေးပါတယ်။ ဒါပေမယ့် ၈၂ အင်းလျားအခွေ မသွင်းခင် အဲဒီသီချင်းနာမည်နဲ့ အခွေထုတ်ဖို့လုပ်တော့ ဆုံးသွားတဲ့ ကိုမောင်မောင်က …
“သူက ငြိမ်းချမ်းရေးဆုနဲ့ မထိုက်တန်သူပါ။
သူဟာ အာဏာရှင်စနစ်နဲ့ ရာထူးကြီးကြီး ယူပြီး ဖိနှိပ်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။
ဘ၀တလျှောက်လုံး လက်နက်ကိုင်စစ်သားအဖြစ်
အသက်မွေးဝမ်းကြောင်းလုပ်ခဲ့သူဖြစ်တယ်။ ဗမာပြည်မှာ ၁၉၆၂ ခု
စစ်အာဏာသိမ်းပြီးချိန်က စပြီး ၁၉၈၈ အာဏာသိမ်း န၀တနဲ့ နအဖ
စစ်အစိုးရအဆက်ဆက်မှာ အာဏာရှင်စနစ် ကြံ့ခိုင်အောင် ထမ်းပိုးပေးခဲ့တယ်။ ၂၀၁၀
ရွေးကောက်ပွဲကျမှ စစ်ဦးထုပ်ချွတ် ခေါင်းပေါင်းပေါင်းပြီး သမ္မတ
တက်လုပ်တဲ့လူ ဖြစ်တယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက်
နာမည်စာရင်းပေးသင့်တဲ့ စံချိန်စံညွှန်းတောင် မမီသူလို့ ပြောချင်တယ်။ သူ့ကို
အမည်စာရင်းသွင်းတာ နိုဘယ်လ်ဆု တီထွင်ခဲ့တဲ့ အဲလ်ဖရက်နိုဘယ်လ်ကိုတောင်
အရှက်ရစေပါတယ်။ ဗမာပြည်မှာရော ကမ္ဘာကြီးမှာရော ဦးသိန်းစိန်ထက် ပိုပြီး
နိုဘယလ်ဆုနဲ့ ထိုက်တန်သူတွေ အများကြီး ရှိပါတယ်။”
အပြည့်အစုံသို့...Tuesday, April 16, 2013
အတိုက်အခံလုပ်စရာ မလိုတော့ဘူးတဲ့လား
အတိုက်အခံလုပ်စရာ မလိုတော့ဘူးတဲ့လား
(ဦးဝင်းတင်နဲ့ မေးခွန်းများ)
မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃
၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ ပိုမိုရရှိလာတာ စသဖြင့် အပြောင်းအလဲတွေ အများအပြားဖြစ်လာပါတယ်။ ထို့အတူမှာပဲ ပြည်တွင်းစစ်တွေ တိုင်းရင်းသားဒေသများမှာ ဆက်လက်ဖြစ်ပွားခြင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းများ ဖြစ်ပွားခြင်း၊ အလုပ်သမား၊ လယ်သမားများရဲ့ စားဝတ်နေရေး လှုပ်ရှားလုပ်ကိုင်ခွင့်များ အငြင်းပွားခြင်း၊ မြေယာနဲ့ လုပ်ပိုင်ခွင့်ပြသနာများ ဖြစ်ပွားခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အစိုးရနဲ့ အပေါင်းအပါများ၊ လုပ်ငန်းရှင်များ၊ အချို့သော အတိုက်အခံပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အခုလက်ရှိအချိန်မှာ အတိုက်အခံလုပ်နေကြမယ့်အစား တိုင်းပြည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်ဖြစ်ကြောင်း လက်တွဲလုပ်ကြမှ ဖြစ်ကြောင်း ပြောကြားကြ၊ ဟောပြောကြ၊ စည်းရုံးရေး ထွက်ကြ စတာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား ဆိုတာ ဖြစ်ပါတယ်။
ပထမမေးခွန်းကတော့ အခုပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘာတွေ ပြောင်းလဲသွားတာလို့ ပြောမလဲ။
ကျနော်ပြောရရင်တော့ အခုသူများတွေပြောနေတာတနဲ့ တူမှာ မဟုတ်ဘူး။ ခုချိန်မှာဖြစ်နေတဲ့ အပြောင်းအလဲဆိုတာတွေက ဟန်ပြလုပ်နေတာပဲ။ စစ်လက္ခဏာတွေ ဘာမှ ပြောင်းတာ မရှိဘူး။ စစ်တပ်ကြီး ရှေ့မှာ စစ်တပ်အသိုင်းအသိုင်းတွေ ရှိတယ်။ လွှတ်တော်ကြီး ရှိတယ်။ အခု အာဏာရထားတဲ့သူတွေကလည်း စစ်အာဏာရှင်ဟောင်းတွေပဲ။ ပြီးတော့ သူတို့ပတ်ဝန်းကျင်မှာ ခရိုနီတွေ၊ စစ်အာဏာရှင် ကျောထောက်နောက်ခံနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို သိမ်းထားတဲ့ သူတွေချည်းပဲ။ သိမ်းတဲ့နေရာမှာလည်း ကာလပေါက်ဈေးထက် မတန်တဆ လျော့ပြီး သူတို့လက်ထဲ ထိုးအပ်ထားတာချည်းပဲ။
“အခြေခံဥပဒေပြောင်းလဲရေး ဆိုတာ
ဘာပြောင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်အရွေးခံနိုင်ဖို့လောက်ပဲ
ပြောင်းပေးမှာပါပဲ။ ဒါလေးပဲ။ ဒီထက် မပိုပါဘူး။ သမ္မတဖြစ်လာလိမ့်မယ်လို့
ကာယကံရှင်ကလည်း ထင်ချင် ထင်နေမယ်။ ဒုတိယသမ္မတအထိတော့ အရွေးခံရနိုင်ပါတယ်။
အဲသည်ထက် မပိုနိုင်ဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျရင်
နိုင်မှာပါပဲ။ land slide တော့ မနိုင်ဘူး။ အင်န်အယ်ဒီရယ်၊ ကြံ့ဖွံ့ရယ်၊
တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေရဲ့ အစုအဖွဲ့တွေရယ်။ ဒီလိုမျိုး
ဖြစ်လာမယ်။”
အပြည့်အစုံသို့...
No comments:
Post a Comment