ကြေညာချက်

Monday, August 19, 2013

“မြန်မာ့ရေးရာ သတင်းပဒေသာ” ကဏ္ဍ ရပ်နားကြောင်း လေးစားစွာ အသိပေးကြေညာခြင်း


ယနေ့အချိန်အခါသည် စစ်အာဏာရှင်များအနေနှင့် မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်မှုများကို သူတို့ဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးပြီး (တနည်း) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတချို့ မပေးချင်ပေးချင် ပေးပြီး စစ်ဝတ်စုံအစား အရပ်ဝတ် လဲလှယ်၍ အရပ်သားအစိုးရ အယောင်ဆောင်ကာ ဟန်ပြပြောင်းလဲအုပ်ချုပ်နေသော အချိန်ကာလဖြစ်ပါသည်။

ထိုသို့ စစ်အာဏာရှင်များဘက်မှ လျှော့ပေါ့ပေးနိုင်သလောက် လျှော့ပေါ့ပေးလာရခြင်းမှာ ၁၉၆၂ ခုနှစ်မှသည် ယနေ့အထိတိုင် ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့က အသက်၊ သွေး၊ ချွေး၊ ဘ၀ပေါင်းစုံ စွန့်လွှတ် အနစ်နာခံ ပေးဆပ်၍ စစ်အာဏာရှင်အဆက်ဆက်ကို မကြောက်မရွံ့ တိုက်ပွဲဝင်ခြင်းခဲ့ကြောင့် ဖြစ်ပါသည်။

အထူးသဖြင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးကို ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းပြီးချိန်တွင် စစ်အာဏာရှင်များအပေါ် ပြည်တွင်းပြည်ပမှ ဖိအားပေါင်းစုံ ကျရောက်လာမှုကြောင့် အချိန်ဆွဲ ကျင်းပနေသော ညောင်နှစ်ပင်ညီလာခံကို ကသောကမျော ဇာတ်သိမ်းကာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရှက်မကြောက် အတည်ပြုပြီး ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကြီးကို မျက်နှာပြောင်တိုက် ကျင်းပ၍ စစ်ဝတ်မှ အရပ်ဝတ်သို့ အလျင်အမြန် ကူးပြောင်းခဲ့ခြင်းဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန်၏ အယောင်ဆောင် အရပ်သားအစိုးရလက်ထက်တွင်လည်း အခြေခံ ပြည်သူလူထု ဆုံးရှုံးနစ်နာနေသော အခွင့်အရေးများအတွက် ဦးဆောင်တိုက်ပွဲဝင်ပေးသော ပြည်သူ့အရေး လှုပ်ရှားတက်ကြွသူများ၊ မတရားသည့် ဥပဒေပုဒ်မများ ဖျက်သိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများကို ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ပင် ရုပ်ပျက်ဆင်းပျက် ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချနေဆဲ ဖြစ်ပါသည်။ အပြည့်အစုံသို့...

Wednesday, May 8, 2013

လက်ပံတောင်း သတင်းစာရှင်းလင်းပွဲနှင့် မိတ္ထီလာအကျိုးဆောင်ကွန်ရက် ၁ နှစ်ပြည့် ဖိတ်ကြားလွှာ



No comments:

Post a Comment