*** နောက်ကျသူ ***
အမျိုးသားသင်္ကေတ
အမျိုးသားသင်္ကေတ
ပီ ဆံ သြ
ဗိန်းမောင်းတီးတယ်
လက်ခေါက်မှုတ်တယ်
ဟော ...
တဖက်က ဟန်ရေးပြတယ်
လက်ခမောင်းခတ်တယ်
ဒူးပျံတွေ ခုန်ဝဲ ပစ်တင်လို့
တဒင်္ဂ ...
တခြားထောင့်က တယောက်
သူကလည်း လက်ခမောင်းခတ်တယ်
ဖြောင်းကနဲ ဖြောင်းကနဲ ဖြောင်းဖြောင်းညံ
သူ့ကြွက်သားတွေကို ညှစ်ပြ
လှုပ်ပြ ...
ကော့ပြ ...
ကားပြ ...
ခြေပျံတွေ ... ခြေပျံတွေ
တဖက်သားမေးဖျားကို
တက်ခတ်မယ့်ဟန်နဲ့ ...။
ပရိသတ်ကြီးက
လက်မလည်အောင် လက်ခုပ်တီးတယ်
ကွမ်းယာဝါးကြတယ်
ထွီကနဲ ဖွီကနဲ ထွေးကြတယ်
ဆေးပေါ့လိပ်ကို ထောင်းကနဲ ထောင်းကနဲ
မီးခိုးထအောင် ဖွာတယ် အပြည့်အစုံသို့...
No comments:
Post a Comment