ဒေါက်တာ နေဇင်လတ်
Talent ကို အဘိဓာန်တွင် A natural ability to do something well ဟု အဓိပ္ပာယ်ဖွင့်သည်။ တစ်စုံ တစ်ခုကို ကောင်းစွာ ဆောင်ရွက်နိုင်သော သဘာဝပေးထားသည့် စွမ်းရည်ဟု အဓိပ္ပာယ်ရပါလိမ့်မည်။ သင်ကြားမှု တစ်ခုကို ခံယူကြသော အတူတူချင်းမှာပင် Talent ရှိသောသူနှင့် မရှိသော သူတို့ကြား တတ်မြောက်ကြပုံချင်း မတူ၊ လူမျိုးတစ်မျိုး ကြီးပွားတိုးတက်ရန် အတွက် ထို Talent မည်မျှရှိကြသည် ဟူသည်က အရေးကြီးလာသည်။ ဗီဇပါ အရည်အသွေးဟုဆိုလျှင် မှားမည်မထင်၊ (၁၉၈၈) အပြီး လေယာဉ် တစ်စီးကို ဆပ်ပြာတုံးပြ၍ အပိုင်စီးနိုင်သူမှာ မြန်မာလူမျိုးဖြစ်သည်။ ယနေ့ ပြန်၍ တွေ့ကြသောအခါ ထိုအကြောင်း ပြန်ပြောဖြစ်သည်။ Talent ရှိသောသူများမှ လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
Talent ကို အဘိဓာန်တွင် A natural ability to do something well ဟု အဓိပ္ပာယ်ဖွင့်သည်။ တစ်စုံ တစ်ခုကို ကောင်းစွာ ဆောင်ရွက်နိုင်သော သဘာဝပေးထားသည့် စွမ်းရည်ဟု အဓိပ္ပာယ်ရပါလိမ့်မည်။ သင်ကြားမှု တစ်ခုကို ခံယူကြသော အတူတူချင်းမှာပင် Talent ရှိသောသူနှင့် မရှိသော သူတို့ကြား တတ်မြောက်ကြပုံချင်း မတူ၊ လူမျိုးတစ်မျိုး ကြီးပွားတိုးတက်ရန် အတွက် ထို Talent မည်မျှရှိကြသည် ဟူသည်က အရေးကြီးလာသည်။ ဗီဇပါ အရည်အသွေးဟုဆိုလျှင် မှားမည်မထင်၊ (၁၉၈၈) အပြီး လေယာဉ် တစ်စီးကို ဆပ်ပြာတုံးပြ၍ အပိုင်စီးနိုင်သူမှာ မြန်မာလူမျိုးဖြစ်သည်။ ယနေ့ ပြန်၍ တွေ့ကြသောအခါ ထိုအကြောင်း ပြန်ပြောဖြစ်သည်။ Talent ရှိသောသူများမှ လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
မြန်မာတွေရဲ့ ဗီဇပါအရည်အသွေး
(၁၉၉၇) အာရှစီးပွားရေးကပ်ဖြစ်ပြီးနောက်
မြန်မာတို့ ကံကောင်းသည့်တစ်ချက်မှာ Talent တစ်စုံတစ်ရာရှိနေသေး၊ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း မှန်ကန်သည့် နေရာတွင် အသုံးချခွင့်မရကြဘဲ စနစ်၏ သားကောင်များဖြစ်သွားကြရပြီး မှားယွင်းသည် နေရာတွင် အသုံးချခဲ့ကြသည်မှာ ဝမ်းနည်းစရာ ဖြစ်လာခဲ့သည်။ ငုတ်တိုတမျှသာ ကျန်ရစ်သော မြန်မာ လူမျိုး၏ Talent သည် ယခုအခါ စနစ်သစ်ကြောင့် ပြန်လည်နိုးကြားလာပြီး ကမ္ဘာကို ရင်ပေါင်တန်းနိုင်ခွင့် ရှိလာခဲ့ပါပြီ။ အရေးကြီးသည်မှာ စနစ်ကောင်း၊ ပတ်ဝန်းကျင်ကောင်း ရရှိနေပြီ ဖြစ်သဖြင့် မိမိတို့ ပိုင်ဆိုင် ကြသော Talent ကို မှန်ကန်စွာ အသုံးချနိုင်ကြရန် ဖြစ်သည်။ စီမံခန့်ခွဲမှုတွင် အခြေခံသဘောတရား တစ်ခုရှိပါ၏။
“ခေါင်းဆောင်များကို လေ့ကျင့်ပေး၍ ရသည်၊ သို့သော် ခေါင်းဆောင်ဖြစ်အောင် လုပ်၍မရ” ဟူ၍၊ ဘာသာရေးရှုထောင့်မှ ကြည့်လျှင် ယခင်ဘဝများစွာ၏ ပါရမီပါလာသလို၊ ယခုဘဝ၏ Talent ကလည်း အရေးကြီးသော အပံ့အပိုးဖြစ်လာ၏။ ၈၈ နောက်ပိုင်း ထောင်ဂဏန်း၊ သောင်းဂဏန်းဖြင့် ချီ၍ စနစ်ပြောင်း အတွက် ဆောင်ရွက်ခဲ့ကြသော်လည်း ထင်ရှားသော ခေါင်းဆောင်အဖြစ် ဆယ်ဂဏန်းမျှသာ ထွက်ပေါ် လာနိုင်ခြင်းကို လေ့လာဖြစ်လျှင် Talent ၏ တန်ဖိုး၊ အရေးပါပုံကို တွေ့နိုင်ပါလိမ့်မည်။ Talent ကို ပင်ကို ဗီဇ၊ သဘာဝပေးလက်ဆောင်ဟု ဆိုသော်လည်း အချို့သော သူများအတွက် လေ့ကျင့်၍ ထိုအရည်အချင်း များကို ပိုင်ဆိုင်နိုင်ပြန်သည်။ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းမှာ သူတက်ချင်သော တက္ကသိုလ် ဝင်ခွင့်ကို ကျရှုံးခဲ့ဘူးသူဖြစ်သည်။ သို့သော်လည်း ကြိုးစားလေ့ကျင့်ရင်း Talent ကို ရယူပိုင်ဆိုင်သွားသော အခါ နေစကြဝဠာကြီးနှင့် အခြားသူများမတွေးနိုင်သော သိပ္ပံပညာဆိုင်ရာ နက်နက်နဲနဲများကို ဖော်ထုတ် နိုင်ခဲ့သူဖြစ်လာပါသည်။
နိုင်ငံရေးရင့်ကျက်မှုကို မြန်မြန်ရနိုင်သည်
ယခုတလော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေ
နောက်မျိုးဆက်တွေ မညံ့ဖို့လိုသည်
ရှေးက မျိုးဆက်များသည် မိမိအပါအဝင် အသက် (၆၀) ကျော်များဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဘာသာရေးဘက် အကဲသာ လာခဲ့ကြရသည့်သူများ ဖြစ်သည်။ ၈၈ မျိုးဆက်ဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးတို့ပင်(၅၀) ကျော်များ ဖြစ်လာခဲ့ကြပြီ။ ခြေလှမ်းများစွာ နောက်ကျကျန်ခဲ့ရသော မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့အတွက် နောက်မျိုးဆက်တို့ မညံ့ရန်လိုသည်။ နိုင်ငံရေးကို နိုင်ငံရေးသက်သက်ဖြင့် ဆောင်ရွက်ခြင်းမှာ အတိုင်းအတာ တစ်ခုမျှအထိသာ အောင်မြင်ခွင့်ရှိပါသည်။ နိုင်ငံရေးကို စီမံခန့်ခွဲမှု ပညာဖြင့် တွဲဖက်ဆောင်ရွက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အခြားနိုင်ငံများနှင့် တန်းတူဖြစ်ရေး အတွက် ဆောင်ရွက်နိုင်ပါလိမ့်မည်။ “ဒီမိုကရေစီသက်သက်” ဖြင့်လည်း မည်သည့်အစိုးရမှ သက်ဆိုး မရှည်နိုင်ပါ၊ စားဝတ်နေရေးပြေလည်ရေး၊ ထိုမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုး တိုးတက်အာင် ဆောင်ရွက်နိုင်မှသာ ရေရှည်ခံပါလိမ့်မည်။ စီမံခန့်ခွဲရေး၏အရာ ဖြစ်လာပါသည်။
“ဗိုလ်ချုပ်အောင်ဆန်းသည် စစ်တိုက်ကောင်းသောကြောင့် နိုင်ငံလွတ်လပ်ရေး ရခဲ့ခြင်း မဟုတ်ပါ။ ဦးဆောင်သူများကို ကောင်းစွာ စီမံခန့်ခွဲနိုင်သောကြောင့်သာ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်ပါသည်”
ဤအချက်ကို မျိုးဆက်သစ်ခေါင်းဆောင်များ မေ့မထားစေလိုပါ။ နိုင်ငံရေးသည် Power Game သက်သက်မျှသာ ဖြစ်ပါသည်။ စီမံခန့်ခွဲရေးအတတ်ပညာသာလျှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစစ်အမှန် အရည်အချင်းဖြစ်ပါသည်။ စင်ကာပူသည် ဒီမိုကရေစီနိုင်ငံ မဟုတ်ပါ။ သို့သော်လည်း လီကွမ်ယူကို သော်လည်းကောင်း၊ ဂိုချုပ်တောင်ကိုသော်လည်းကောင်း
နိုင်ငံရေးရင့်ကျက်မှု အဆင့်ဆင့်ကို ဖြတ်သန်းရမည်
နှစ်ပေါင်း (၅၀) ကျော် တံခါးပိတ်အမှောင်ထုအတွင်း နေခဲ့ရသော မြန်မာတို့သည် ပတ်ဝန်းကျင် အပြောင်း၊ အလင်းရောင်ကို စတင်ထိတွေ့ရသောအခါ အရာရာ အထူးအဆန်းဖြစ်၍ မည့်သည့်လမ်း၊ မည်သို့ လျှောက်ရမှန်းမသိ ဖြစ်ခဲ့ရပါ၏။ ပိတ်ထားရသော ပါးစပ်များကို အသုံးပြုခွင့်ရလာသောအခါ မည်သို့ ပြောရမည်မသိ၊ ခပ်ကျယ်ကျယ် အော်သူတို့က အော်ခဲ့ကြပြီး၊ ခပ်ပြင်းပြင်း သွေးတိုးစမ်းပြောရင်း ခပ်စွာစွာ ပြောတတ်ဆိုတတ် ကြသူများလည်း ဖြစ်လာခဲ့ကြသည်။ ဒီမိုကရေစီကို “ဆင်ကိုစမ်းသပ်သော မျက်မမြင် ပုဏ္ဏား ခြောက်ဦး” နှယ် ဖြစ်ဆဲရှိနေပါသေးသည်။
ဒီမိုကရက်တိုက်ဇေးရှင်း ဟူသော အတောင်လက်စုံသည့် ဒီမိုကရေစီဖြစ်စဉ်တစ်ခုအတွက် ယနေ့ မြန်မာ တို့ ကြုံတွေ့ဖြတ်သန်းနေရသော အဆင့်မှာ လက်ဆုပ်ဖြေ ”Liberalization” အဆင့်ဟု ရေးခဲ့ပြီး ဖြစ်သည်။ မြေစမ်းခရမ်းပျိုး ကာလဖြစ်၍ ချောက်နှုတ်ခမ်းတွင် စမ်း၍ လျှောက်နေရချိန်နှင့် တူသည်။ မှန်ကန်စွာ အသုံးမပြုတတ်လျှင် ဒီမိုကရေစီမှ မင်းမဲ့ စရိုက် ဖြစ်သွားတတ်ပါ၏။
ဒီမိုကရေစီဖြစ်စဉ်တွင် အဆင့် (၅) ဆင့်ရှိသလို ထိုအဆင့် (၅) ဆင့်ကို နိုင်ငံရေး ရင့်ကျက်မှု မြန်မြန် ဆန်ဆန် ရရှိနိုင်မှသာ ကောင်းစွာ ဖြတ်သန်း နိုင်မည် ဖြစ်ပါသည်၊ နိုင်ငံရေး ရင့်ကျက်မှု မရှိလျှင် သို့မဟုတ် ဦးဆောင်သူများ လမ်းမှားဖြစ်ခဲ့လျှင် တည်ငြိမ်မှု ပျက်ပြားကာ ပုံပျက်ပန်းပျက်ဖြစ်ပြီး နောက်ဆုံး ဒုံရင်း သို့သာ ပြန်ရောက်သွားတတ်သည်ကို သတိကြီးစွာ ထားမိကြရန် ဖြစ်ပါ၏။
နိုင်ငံရေးရင့်ကျက်မှု အဆင့် (၅) ဆင့်
Political Maturity ဟူသော နိုင်ငံရေးရင့်ကျက်မှုတွင်လည်း အဆင့် (၅) ဆင့်ကို ဖြတ်သန်းကြရ ပါလိမ့်မည်။
ပထမအဆင့်သည် Bewildered Passivity ဟူသော ဘာမှန်းမသိ ရှုပ်ထွေးသည့် အဆင့် ဖြစ်သည်။ ဥပမာအားဖြင့် ဒီမိုကရေစီရပြီဟုဆိုသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို
ဒုတိယအဆင့်မှာ Selective Avoidance ဟူသော ရွေးချယ်ရှောင်ဖယ်မှု ဖြစ်သည်။ ဥပမာအားဖြင့် တာဝန်ရှိကြသူတို့ တာဝန်မခံခြင်း၊ အချို့သော ပြဿနာများကို ရှောင်ခြားခြင်း ဖြစ်သည်။ ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အတော်များများတွင် တာဝန် ရှိကြသူများမှာ လူစုလူဝေး (လူထုမဟုတ်) နှင့် ထိပ်တိုက်မတွေ့လိုကြသောကြောင့် တာဝန်ခံပြဿနာများကို မရှင်းလင်းကြဘဲ ခေါင်းရှောင် နေကြသည် များနှင့် ဥပမာ ပေးနိုင်ပါသည်။ ဤဖြစ်ရပ်များကို အကြိမ်ကြိမ် တွေ့ရသောအခါ ပြည်သူတို့မှာ နိုင်ငံရေး အပြောင်းအလဲကို “Threat” ဟူသော ခြိမ်းခြောက်မှုတစ်ခုသာပဲ ဟူ၍ တွေးထင်လာစရာ ဖြစ်လာပါ တော့၏။
တတိယအဆင့် ဖြတ်သန်းရမည်မှာ “Selective Application” ဟူသော ရွေးချယ်လိုက်ပါ ဆောင်ရွက် ခြင်းဖြစ်သည်။ ဒီမိုကရေစီကို သုံးချင်သည့်အခါသုံး၍ မသုံးချင်သည့်အခါ မသုံးခြင်းမျိုး၊ ကိုယ်က ဒီမိုကရေစီကို အသုံးမပြုဘဲ သူများကို ဒီမိုကရေစီ “စံနှုန်း“ “တန်ဖိုး“ များဖြင့် အတင်းအကျပ် ဝေဖန် တိုက်ခိုက်သည်မျိုး ကဏ္ဍတိုင်းတွင် မျှတစွာ ကျင့်ကြံ ဆောင်ရွက်မှုမျိုး မဟုတ်ဘဲ၊ အများဝေဖန်ခံရမည့် ကိစ္စ၊ မိမိအပေါ် ထောက်ခံမှု ကျဆင်း စေမည့်ကိစ္စများတွင် ခေါင်းရှောင်သည့် ကိစ္စမျိုးဖြင့် ဥပမာ ပေးနိုင် ပါလိမ့်မည်။ ဤအခြေအနေမျိုး ဖြစ်လာလျှင် လူထုက နိုင်ငံရေးဟူသည်မှာ “Tool” ဟူသော အသုံးချရာ နည်းလမ်းတစ်ခု၊ ကိရိယာတန်ဆာပလာသက်သက်မျှသာဖြစ်သ
စတုတ္ထရင့်ကျက်မှုအတွက် “Systematic Application” ဟူသော စနစ်တကျ ရှိသည့် လိုက်ပါ ဆောင်ရွက်မှုကို ဆောင်ရွက်လာနိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် သားသမီးငါးဦး၏ ဖြစ်ချင်မှုတိုင်း အတွက် မိဘလုပ်သူက သင့်လျော်သလို လိုက်လျောခြင်း၊ ဟန့်တားခြင်းမျိုးဖြစ်သည်။ ရေရှည်အတွက် စနစ်တကျ အစီအစဉ်ချမှတ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤအဆင့်တွင် အများအနေဖြင့် ကျေနပ်နိုင်မှု တစ်စုံ တစ်ရာ ရနိုင်မည်မှ ရနိုင်ကောင်းသော်လည်း အနာဂတ်တွင် ကောင်းသောအကျိုးတရားများကို ရရှိနိုင်မည် ဖြစ်သည်။ Nokia ကို Microsoft က ဝယ်ယူခြင်းအတွက် အပြစ်ဆိုသူများ ရှိနိုင် ကောင်းပါသည်။ သို့သော် လည်း နှစ်အနည်းငယ်အတွင်း အကျိုးအမြတ်များ ကြီးစွာရရှိလာနိုင်သော အခြေအနေဖြစ်ပါသည်။ ဤ အဆင့်ရောက်ပါလျှင် ထိုသူ၏ နိုင်ငံရေးမှာ “ Strategy” ဟူသော မဟာဗျူဟာ အဆင့်သို့ ရောက်လာပြီ ဖြစ်သည်။
ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ ပြင်ဆင်မည်လား“ “ရေးဆွဲမည်လား“ ဟူသော လမ်းဆုံ လမ်းခွတွင် များစွာအရေးပါသော ဆုံးဖြတ်ချက်ဖြစ်ပြီး၊ ဦးဆောင်သူများ၏ နိုင်ငံရေး ရင့်ကျက်မှု၊ နိုင်ငံရေး ပညာ မည်မျှရှိသည်ကို တိုင်းတာဖော်ထုတ်ရတော့မည့် အဆင့် ဖြစ်ပါသည်။
နောက်ဆုံးအဆင့်မှာ Mastery ဟူသော ကျွမ်းကျင်မှု ပညာအဆင့်ဖြစ်သည်။ ဤအဆင့်ရောက် လျှင် နိုင်ငံရေးကို Politics as Art ဟူသော ပညာရပ်၊ အနုပညာအဆင့် မြင်လာနိုင်မည် ဖြစ်ပါ၏။ (၁၉၄၈ ) နောက်ပိုင်း ထွက်ပေါ်လာခဲ့သော မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံရေးရင့်ကျက်မှုကို ဤအဆင့် များနှင့် ယေဘုယျ တိုင်းတာနိုင်မည် ဖြစ်သလို၊ (၁၉၈၈) နောက်ပိုင်း ထွက်ပေါ်လာသော နိုင်ငံရေး ဦးဆောင်သူများကိုလည်းကောင်း၊ မကြာမီသမိုင်းတွင် အဆုံးအဖြတ်ပေးရမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ထိုမှတစ်ဖန် မည်သို့သော ရွေးကောက်ပွဲ ပုံစံကို ဖြတ်သန်းကြမည် ဆိုရာတွင်လည်း ဦးဆောင်သူအဆင့် (Leading person) မှ နိုင်ငံရေးရင့်ကျက်မှု ရှိသော ခေါင်းဆောင် (Leader) အဖြစ် မည်မျှ မှန်မှန်ကန်ကန် ပြောင်းလဲလာနိုင်မည် ဆိုသည်မှာ များစွာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပြီး မြန်မာတို့၏ မျက်မှောက်ခေတ် နိုင်ငံရေး အရည်အချင်း တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုချင်ပါသည်။
The Messenger ဂျာနယ် အတွဲ(၄)၊ အမှတ်(၂၆)မှ ကူးယူဖော်ပြသည်
No comments:
Post a Comment