နေထက်နီ
ပြောခွင့်ရပုဂ္ဂိုလ်များ
မြန်မာ့နိုင်ငံရေးကို လှုပ်ခတ်သွားစေခဲ့သော သတင်းမှာ သမ္မတဦးသိန်းစိန် နောက်သက်တမ်း ဝင် ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခြင်း မပြုတော့ဟူ၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ ပုံမှန်တွေးကြည့်လျှင်ဖြင့် ဦးသိန်းစိန်အနေဖြင့် ရရှိထားသော အောင် မြင်မှုများ၊ ထိုက်သင့်သလောက် ဖြစ်ပေါ်နေသော လူထုထောက်ခံမှုများကို အခြေပြု၍ နောက်သက်တမ်း ဝင်ပြိုင်လိုလျှင် ပြိုင်၍ကောင်းသည့် အနေအထားမျိုး ဖြစ်ပါသည်။ အံ့သြဖွယ်ရာ ဖြစ်နေသည်မှာ ဦးသိန်း စိန် နောက်သက်တမ်း မလုပ်တော့ ဆိုသည့်စကားကို ဦးသိန်းစိန်ကသာ ထုတ်ပြန်ရမည် ဖြစ်သော်လည်း ဦးရွှေမန်း၏ နှုတ်က ထွက်ပေါ်လာခြင်းမှာ ထူးခြားသည် ဟု ယူဆမိပါသည်။ ဦးရွှေမန်းအနေဖြင့်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ပြောကြားရပါသနည်။ ဦးရွှေမန်းမှာ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် သဖွယ် လုပ်ဆောင်နေသည် မှာလည်း အံ့သြဖွယ်ရာ ဖြစ်နေပါသည်။
ပြောခွင့်ရပုဂ္ဂိုလ်များ
မြန်မာ့နိုင်ငံရေးကို လှုပ်ခတ်သွားစေခဲ့သော သတင်းမှာ သမ္မတဦးသိန်းစိန် နောက်သက်တမ်း ဝင် ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခြင်း မပြုတော့ဟူ၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ ပုံမှန်တွေးကြည့်လျှင်ဖြင့် ဦးသိန်းစိန်အနေဖြင့် ရရှိထားသော အောင် မြင်မှုများ၊ ထိုက်သင့်သလောက် ဖြစ်ပေါ်နေသော လူထုထောက်ခံမှုများကို အခြေပြု၍ နောက်သက်တမ်း ဝင်ပြိုင်လိုလျှင် ပြိုင်၍ကောင်းသည့် အနေအထားမျိုး ဖြစ်ပါသည်။ အံ့သြဖွယ်ရာ ဖြစ်နေသည်မှာ ဦးသိန်း စိန် နောက်သက်တမ်း မလုပ်တော့ ဆိုသည့်စကားကို ဦးသိန်းစိန်ကသာ ထုတ်ပြန်ရမည် ဖြစ်သော်လည်း ဦးရွှေမန်း၏ နှုတ်က ထွက်ပေါ်လာခြင်းမှာ ထူးခြားသည် ဟု ယူဆမိပါသည်။ ဦးရွှေမန်းအနေဖြင့်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ပြောကြားရပါသနည်။ ဦးရွှေမန်းမှာ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် သဖွယ် လုပ်ဆောင်နေသည် မှာလည်း အံ့သြဖွယ်ရာ ဖြစ်နေပါသည်။
စဉ်းစားရမယ့် ပုဒ်မ ၅၉ (စ)
တစ်ဖန် လတ်တလော ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သော ဦးရွှေမန်း၏ ဖြေကြားချက်များမှာ အထူးပင် စိတ်ဝင်စား ဖွယ်ရာကောင်းနေပါသည်။ အထူးသဖြင့် အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် အမျိုးသားလုံခြုံရေး ဆက်စပ်မှုကို မေးမြန်းခဲ့သော မေးခွန်းအား ဦးရွှေမန်းက “သီးခြား ပုဒ်မ ၅၉(စ)နဲ့ ပတ်သက်လို့ ဒီဟာလည်း စဉ်းစား ရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်လို့ ထပ်ကြည့်မယ်ဆိုရင် ပတ်သက်ခြင်း၊ မပတ်သက်ခြင်းက ပေါ်လွင်မှာဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက် လို့ မိမိရဲ့အမြင်ကို ထုတ် ဖော် ပြောစရာ မရှိသေးပါဘူး” ဟု ဖြေကြားသွားခဲ့ကြောင်း ပြည်ထောင်စု နေ့ စဉ်သတင်းစာတွင် ဖော်ပြ ထားပါသည်။
ပုဒ်မ ၅၉ (စ)နှင့်ပတ်သက်၍ စဉ်းစားရမည့် ကိစ္စ ဟု ဦးရွှေမန်းက ဖြေကြားသွားခဲ့ပါသည်။ ဆက် လက်၍ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဆက်စပ်ကြည့်လျှင် ပေါ်လွင်ထင်ရှားနေသည် ဟု ပြောကြား သွားခဲ့ပါသည်။ ဤတွင် ပြောကြားချက်များကို အခြေခံ၍ ဆက်စပ်စဉ်းစားဖွယ်ရာများ ပေါ်လာပါသည်။ ဦးရွှေမန်းသည် အခြေခံဥပဒေပြင်ဆင်ရေးတွင် လွှတ်တော်နှင့်သက်ဆိုင်သော မေးခွန်းများကို လွှတ်တော် တစ်ခုလုံး ခြုံငုံဖြေကြားခဲ့ပြီး ၄င်းတစ်ဦးတည်း၏ သဘောဆန္ဒကို မေးမြန်းသည့်အခါတွင် ဖြေကြားချက်၌ ဒွိဟဖြစ်စေသည့် အချက်များ ပါရှိနေပါသည်။ နိုင်ငံရေးခေါင်းဆောင်များ သတ္တိရှိဖို့၊ ရဲရင့်ဖို့၊ ရိုးသားဖို့ လိုအပ်မည် ဟုသာ ထင်မြင်ယူဆ မိပါသည်။
မြန်မာပြည်၏ဘီလ်ဂိတ်များ
မိသားစုစီးပွားရေးနှင့်ပတ်သက်၍ Clear ဖြစ်သည် ဟု အာမခံနိုင်ပါသလား ဟူသော မေးမြန်းမှုအား ပြန်လည်ဖြေကြားသွားသည်များကိုလည
ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် သန်းကြွယ်သူဌေးဖြစ်ရေး လွယ်ကူမည် ဟု ထင်ပါသလား။ ခက်ခဲပါသည်။ အလွန်တရာမှ ခက်ခဲပါသည် ဟုသာ ဆိုချင်ပါသည်။ ပြီးခဲ့သည့် နဝတ၊ နယက ဆယ်စုနှစ် နှစ်ခုစာအတွင်း တော်တည့်မှန်ကန်စွာ ရိုးသားကြိုးစားခြင်းကြောင့် မည်သူတို့ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ ပါသနည်။ လက်ချိုးရေ၍ရသည့် လူနည်းစုသာ ဖြစ်ပြီး ယင်းတို့ကို ခရိုနီဟု ပြည်သူများက သတ်မှတ် ထားကြပါသည်။ ယခုအချိန်တွင် ထိုသူတို့က မိမိတို့သည် မည်သူ့ကျောထောက်နောက်ခံ၊ မည်သည့် အရှိန်အဝါ၊ မည်သည့်သြဇာကိုမျှ အသုံးပြုခဲ့ခြင်း မရှိဘဲ ရိုးရိုးသားသား ကြိုးကြိုးစားစား သမ္မာ အာဇီဝ လုပ်ကိုင်ခဲ့ခြင်းကြောင့် ချမ်းသာလာပါသည် ဟု ထုတ်ဖော်ပြောကြားလာလျှင် မည်သူတို့ ယုံ၍ မည်သူတို့ လက်ခံကြမည်နည်း။ မြန်မာပြည်တွင် ရိုးရိုးကျင့် မြင့်မြင့်ကြံသော ကိုယ့်ဒူးကိုယ်ချွန်သမားများ အတွက် နေရာ မရှိခဲ့ပါ။ စီးပွားရေးလောကတွင် မြေညီကွင်း မရှိသည်မှာလည်း ကြာပြီ ဖြစ်ပါသည်။
ဘီလီယံနာ သူဌေးသူကြွယ်ကြီးများ အဖြစ်သို့ အချိန်တိုတိုအတွင်း ရောက်ရှိလာခဲ့ကြသည့် မြန်မာ ပြည်၏ ဘီလ်ဂိတ်များ တော်ကြပါပေသည်၊ ကံကောင်းရှာကြပါသည်၊ လုပ်သမျှအောင်မြင် ဝင်သမျှ တင့်တယ်၊ ဘက်စုံထောင့်စုံ ထူးချွန်ကြပါပေသည် ဟူ၍သာ မှတ်ချက်ပြုရတော့မလို ဖြစ်နေပါသည်။ ပါမစ် စီးပွားရေးနှင့် အခွင့်ထူးခံ လုပ်ပိုင်ခွင့်များဖြင့် လည်ပတ်ခဲ့သော မြန်မာ့စီးပွားရေးစနစ်မှ ရိုးသားကြိုးစား ကိုယ့်ဒူးကိုယ်ချွန် မြန်မာပြည်၏ ဘီလ်ဂိတ်များ မွေးထုတ်ပေးနိုင်ခဲ့သည်ကို တော့ ဂုဏ်ယူဝင့်ကြွားသင့် ပါသည်။
လူထုဆန္ဒ ဟုတ်ပါရဲ့လား
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေ
ဤသို့ NLD ပါတီ၏ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒကောက်ယူမှုအား ဦးရွှေမန်းက “လူထုဆန္ဒ ခံယူတာနဲ့ပတ်သက်လို့ သဘောထား မေးမယ် ဆိုရင် လူထုဆန္ဒခံယူတာ လူ ဘယ်နှစ်ယောက် ဆန္ဒ ခံယူနိုင်မှာလဲ။ နိုင်ငံမှာ လူ သန်း ၆၀ ရှိတယ်။ သန်း ၆၀ ထဲမှာ မဲပေးနိုင်တဲ့ လူဦးရေ ဘယ်လောက်ရှမလဲ။ အဲဒီ လူအားလုံး ဆန္ဒ ခံယူလား၊ ဒါ့ကြောင့် ဒီကိစ္စဟာ လိုအပ်တဲ့အလုပ် ဟုတ်တယ်၊ မဟုတ်ဘူးလား ဆိုတာ အားလုံးစဉ်းစားလို့ ရပါတယ်” ဟု ဖြေကြားခဲ့ပါသည်။ လူထုဆန္ဒ ဟု NLD ပါတီက အမည်တပ် ထားသော်လည်း လူထုဆန္ဒ အမှန်တစ်ကယ် ဟုတ်ပါရဲ့လား ဟု ဦးရွှေမန်းက မေးခွန်းထုတ်သွားခဲ့ခြင်း ဖြစ်သည် ဟု ထင်မြင်ယူဆမိပါသည်။
မပြီးသေးသော ပန်းချီကား
၂၀၁၅ မတိုင်မီ မြန်မာ့နိုင်ငံရေး ပန်းချီကားကတော့ မပြီးသေးပါ။ စုတ်ချက်ကြမ်းကြမ်းများ အဆင့်တွင် ဟိုဟာ ဖြစ်နိုင်သည်၊ ဒီယာဖြစ်နိုင်သည် ဟု ကြိုက်သလို ထင်မြင်ယူဆခဲ့ကြသော်လည်း ယခုလို တဖြည်း ဖြည်းချင်း နီးကပ်လာသည့်အချိန်တွင် စုတ်ချက်များ အနုစိပ်လာပြီး ပုံရိပ်များ ထင်သာမြင်သာ ရှိလာပြီ ဖြစ်ပါသည်။
ဦးသိန်းစိန် ရွေးကောက်ပွဲမဝင်တော့ ဟူ၍ ထုတ်ဖော်ကြေညာခြင်းကြောင့် ဦးသိန်းစိန်ကို ပြေးလမ်း ပေါ်တွင် မမြင်ရနိုင်တော့ ဟု ယုံကြည်လာစေပါသည်။ ပုဒ်မ ၅၉ (စ)ကိုလည်း စဉ်းစားရမည့်ကိစ္စ ဟု သတ် မှတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြေးလမ်းပေါ် ရောက်မလာနိုင်တော့ ဟု ယူဆရ မလို ဖြစ်နေပါသည်။ ယင်းနောက်တွင်တော့ တစ်ကောင်တည်းပြေးမည့် မြင်းဟူ၍ ထီးတည်းကြီး ထွက်ပေါ် လာတော့မည် သဏ္ဍာန် မြင်ရတော့ပါမည်။ ဒိုင်လူကြီးများက ဖယ်ထုတ်လိုက်ခြင်း မဟုတ်ဘဲ ပြိုင်ပွဲဝင်မည့် မြင်းကိုယ်တိုင် အခြားပြိုင်ဘက်များ ပြေးလမ်းပေါ် ရောက်ရှိ မလာအောင် ဖယ်ထုတ်နေခြင်း ဖြစ်၍ မဟာဗျူဟာ မြောက်သော နိုင်ငံရေးကစားကွက်များ ဖြစ်နေပါသည်။ တစ်ကယ်တော့ ပန်းချီကားမှာ မပြီး သေးပါ။ မည်သည့် ဂိမ်းတွင်မဆို ဖျက်မြင်းများ မထင်မှတ်ဘဲ ထွက်ပေါ်လာတတ်သည်ကို သတိရမိပါ သည်။ မြန်မာ့နိုင်ငံရေးဖျက်မြင်း မည်သူ ဖြစ်နိုင်သလဲ မေးခွန်းက ပိုမိုစိတ်ဝင်စားဖွယ်ရာ ဖြစ်လာနေပါ သည်။
မြန်မာ့နိုင်ငံရေးရုပ်လုံး ကတော့ ပိုမို ရှုပ်ထွေးလာနေသည်ကတော့ အမှန်ပင်။ အမှန်တော့လည်း သမ္မတ လုပ်ချင်သည်ဟု ပြောရန်အချိန်သည်ပင်လျှင် လွန်စွာမှပင် စောလွန်းနေပါသည်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၃) မှ ကူးယူဖော်ပြသည်
No comments:
Post a Comment