ကိုယ်ပိုင်ဘဝနဲ့ အများဆိုင်ဘဝကိုအစဉ်အလာအရ ခွဲခြားမှုကတော့ နိုင်ငံတော်နဲ့အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ အစိုးရယန္တရား၊ တရားရုံး၊ ရဲအဖွဲ့၊ စစ်တပ်၊ လူမှုဖူလုံရေးစနစ် စတာတွေက လူအဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ တာဝန် ရှိတာမို့ အများဆိုင် ဘဝလို့ သတ်မှတ်ပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းမှာကျတော့ မိသားစု၊ မျိုးနွယ်စု၊ ကိုယ်ပိုင်စီးပွားရေး၊ ကုန်သွယ်မှု အသင်းအဖွဲ့၊ လူမှုအဖွဲ့အစည်း စတာတွေ ပါဝင်ပြီး၊ ဒါတွေကို နိုင်ငံတော်က တည်ထောင်တာမဟုတ်ဘဲ ပြည်သူ ပြည်သားတွေက ဖွဲ့စည်းတည်ထောင်တာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဘဝလို့ သတ်မှတ်ပါတယ်။ Edmund Burke ကတော့ သေးငယ်တဲ့တပ်စုလေးတွေလို့ ခေါ်ဆိုပါတယ်။ ဒီလိုခွဲခြားမှုအပေါ်မှာ အခြေခံမယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံတော်က ထမ်းဆောင်တဲ့ လုပ်ငန်းဆောင်တာ တာဝန်ဝတ္တရားတွေနဲ့ပဲ ပတ်သက်ပြီး၊ လူတစ်ဦးချင်းစီရဲ့စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး၊ ကိုယ်ရေး ကိုယ်တာ၊ ယဉ်ကျေးမှုရေးစတာတွေက နိုင်ငံရေးမဟုတ်ပါဘူး။
သို့ပေမယ့်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာက နိုင်ငံတော်နဲ့သာ ခွဲခြားလို့ရပေမယ့် လူအများနဲ့ ကျတော့ ခွဲခြားလို့ မရပြန်ပါဘူး။ ဘာလို့လဲ ဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လူအများ ကြားမှာ ပါဝင်ပတ်သက်ပြီး လူအများနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ခေတ်သစ် နိုင်ငံရေး ပညာက ကိုယ်ပိုင်ဘဝနဲ့ အများဆိုင်ဘဝဆိုတာကို ခွဲခြားမှု သဏ္ဍာန်သစ်တစ်မျိုးနဲ့ ချဉ်းကပ်လာ ပါတယ်။ အများဆိုင်ဘဝဆိုတာဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ အနုပညာ၊ ယဉ်ကျေးမှု အားလုံးနဲ့ သက်ဆိုင်ပြီး၊ ကိုယ်ပိုင်ဘဝကတော့ မိသားစုနဲ့ အိမ်တွင်းရေးရာတွေနဲ့ သက်ဆိုင်တယ် ဆိုတဲ့သဏ္ဍာန်ပါ။
ဒီသဏ္ဍာန်ကို အမျိုးသမီးဝါဒီတွေက ဝေဖန်ကြပါတယ်။ နိုင်ငံရေးဆိုတာ အိမ်ရှေ့တံခါးမှာတင် ရပ်တန့် သွားပြီး မိသားစုရေးရာတွေ၊ အိမ်တွင်း ရေးရာတွေ၊ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတွေနဲ့ မပတ်သက်ဘူး ဆိုလိုသလို ဖြစ်နေကြောင်း သူတို့က ဆိုပါတယ်။ လူတစ်ယောက်က မိမိအိမ်မှာ အိမ်ထောင်ဘက် ဖြစ်သူကို လိမ်ညာလှည့်ဖြားတာ၊ ရိုက်နှက်နှိပ်စက်တာ၊ သားငယ်သမီးငယ်တွေကို ရိုက်နှက်ညှဉ်းပန်း တာတွေ လုပ်နေမယ်ဆိုရင် ဒါတွေကို ကိုယ်ပိုင်ဘဝရေးရာလို့ပဲ သတ်မှတ်လို့ မရနိုင်ကြောင်း သူတို့က မီးမောင်းထိုးပြကြပါတယ်။
နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာဖြစ်တယ်ဆိုတဲ့ ဒီအမြင်နဲ့ပတ်သက်ပြီး အကောင်းမြင်သူရော၊ အဆိုးမြင် သူတွေပါ ရှိပါတယ်။ အရစ္စတိုတယ် ခေတ်မှာတုန်းကတော့ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့အရေးကို ဆောင်ကြဉ်း ပေးတာကြောင့် အင်မတန်မြင့်မြတ်ပြီး၊ တိုးတက်တဲ့လူ့ဘောင်သစ်ကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းဆောင်တာတစ်ရပ်အနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကို ဂျာမန်နိုင်ငံရေးသီအိုရီပညာရှင်
သူမရဲ့ The Human Condition (၁၉၅၈) စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ လူသားတွေရဲ့ ဆက်နွယ်မှုဖြစ်တာကြောင့် လူမှုလုပ်ငန်းဆောင်တာတွေအားလုံးရ
ဒီအမြင်ကို လစ်ဘရယ်သီအိုရီ ပညာရှင်တချို့က ဆန့်ကျင်ကြပါတယ်။ သူတို့အဆိုအရ ကိုယ်ပိုင်ဘဝ ဆိုတာ ရွေးချယ်မှု၊ တစ်ဦးချင်းလွတ်လပ်မှု၊ တစ်ဦးချင်း တာဝန် တွေနဲ့ စပ်ဆိုင်တဲ့အရာဖြစ်တာ ကြောင့် စီးပွားရေး၊ မိသားစုဘဝနဲ့ အားကစားရေးရာတွေမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားသင့်တယ်လို့ ဆိုကြပါတယ်။ ဒီရေးရာတွေမှာ နိုင်ငံရေးပါဝင်တဲ့အခါကျရင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို လုပ်ကိုင်မယ်၊ ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုး ထောင်မယ်၊ အားကစားကို ဘယ်လိုကစားမယ်၊ ဘယ်သူတွေနဲ့ကစားမယ်စတဲ့ရွေးချယ်
ဒီလို အကောင်း၊ အဆိုး၊ အမြင်ကွဲပြားမှုတွေသာမကဘဲ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့ အတင်း ပြုလုပ်မှု (Compromise) နဲ့ အများ သဘောတူလက်ခံမှု (Consensus) ဖြစ်ခြင်းကြောင့် ဖြစ်နိုင်ချေများကို ပြုလုပ်တဲ့ အနုပညာဖြစ်တယ်လို့ ယူဆမှုများလည်းပေါ်ထွက်လာခဲ့ပါတယ်
ခင်မမမျိုး
No comments:
Post a Comment