စိတ်ဖိစီးမှုတွေကို ဒီအတိုင်း ပစ်ထားလိုက်တာဟာ သင့်ရဲ့ ခန္ဓာကိုယ်ကိုရော
စိတ်ခွန်အားကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ စိတ်ဖိစီးမှုတွေကို
မဖြေဖျောက်နိုင်ရင်တော့ ကူးစက်ရောဂါများ၊ ဖျားနာခြင်း၊ ဆီးချို၊
အဝလွန်ရောဂါ နှင့် နှလုံးရောဂါတို့အပြင် စိတ်ကျရောဂါတို့ စိတ်ဂဏာမငြိမ်
တာတို့ပါဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ပြီး သင့်ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ဖို
့ အ
ထောက်အကူပေးနိုင်မယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
• သင်ဘာကြောင့် စိတ်ဖိစီးတာလဲ ဆိုတဲ့အဖြေကိုရှာပါ - ပြဿနာတစ်ခုကို နောက်ပြဿနာတစ်ခုထပ်ရှာပြီးဖြေရှင်းတာ
အကြောင်းမထူးဘူးဆိုတာ သင်တို့အသိဆုံးပါ။ ရှောင်ပြေးတာကော
အလုပ်ဖြစ်လို့လား။ မေ့ပစ်ဖို့ကြိုးစားတာကော အောင်မြင်ရဲ့လား။
သင့်ကိုစိတ်ညစ်စေမယ့် စိတ်ဖိစီးစေမယ့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းတာဟာ
သင့်ရဲ့စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ ပြဿနာတွေကနေ လွတ်ရာလွတ်ကြောင်းမရှောင်ပြေးပါနဲ့။
• သူငယ်ချင်းများနှင့်ပျော်ပျော်နေပါ (သို့) စကားပြောဖော်ရှာပါ- စိတ်ညစ်နေတဲ့သူ စိတ်ဓာတ်ကျနေတဲ့သူတွေဟာ အမြဲတမ်းတစ်ယောက်ထဲနေခြင်တာတို့ ဘယ်သူနဲ့မှမပတ်သတ်ခြင်ဘူးလို့ ပြောလေ့ရှိပါတယ်။ အဲလိုမလုပ်ပါနဲ့။ သင်ယုံကြည်တဲ့သူ သင်အလေးထားတဲ့သူတစ်ယောက်ယောက်ကို စကားပြောပါ။တွေ့ဆုံပါ။ သင့်ပြဿနာတွေအားလုံးမဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းကို ပြောပြပြီး အဖြေအတူတူရှာပါ။ တိုင်ပင်ဖို့အကောင်းဆုံးသူတွေကတော့ သင့်မိသားစု သင့်သူငယ်ချင်းများထဲမှ သင့်အားနားလည်နိုင်ဆုံးသူကိုရှာပါ။ လူမှုဘဝမှာ ဟန်မပျက်နေထိုင်ခြင်းဟာ သင့်ကိုအကြီးမားဆုံးအထောက်အကူပြုမှာပါ။
• ဘဝအမောတွေပြေစေဖို့ နည်းလမ်းလေးများ- သင့်ရဲ့စိတ်ကို relax
ဖြစ်စေဖို့ အချိန်ပေးပါ။ ပေးထားတဲ့အချိန်လေးတွေမှာ အသက်ဝဝရှုတဲ့
လေ့ကျင့်ခန်း တရားထိုင်ခြင်း ယောဂကျင့်ခြင်း အပန်းပြေစေတဲ့
ရှုခင်းကောင်းမယ့်နေရာလေးတွေမှာ အပန်းဖြေခြင်း
ကုထုံးနှင့်အနှိပ်ခံခြင်းတို့ကိုပြုလုပ်ပေးပါ။ အချိန်ပိုပေးနိုင်ပါက ခရီးထွက်ခြင်းဖြင့် ပတ်ဝန်းကျင် အသစ်အဆန်းလေးတွေကိုလေ့လာပေးပါ။ထိုနည်းဖြင့် သင့်ကျန်းမာရေးကိုပါတိုးတက်ကောင်းမွန်စေပါတယ်။
• ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း-
လေ့ကျင့်ခန်းပြုလုပ်ပေးတာဟာ ခန္ဓာကိုယ်ကျန်းမာရေးအပြင်
စိတ်ကျန်းမာရေးအတွက်ပါကောင်းမွန်စေပါတယ်။ လမ်းလျောက်ခြင်း စက်ဘီးစီးခြင်း ရေကူးခြင်း တောင်တက်ခြင်း စသည်တို့ပြုလုပ်ပေးပါ။
• အိပ်ရေးဝပါစေ - အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ အလိုအလျောက်ကုစားပေးပါတယ်။စိတ်ညစ်စရာတွေများလို့ ဟိုဟိုဒီဒီတွေးတောရင်း သင့်တစ်ညတာကို ကုန်ဆုံးစေတာဟာ သင့်ကိုဆိုးကျိုးတွေသာပေးနိုင်ပါတယ်။
• အချိန်ကိုကောင်းမွန် ညီမျှစွာအသုံးချပါ - အချိန်ကိုတန်ဖိုးရှိစွာ ခန့်ခွဲခြင်းက သင့်ကိုပျော်ရွင်မှုတွေပေးချင်မှ ပေးပါလိမ့်မယ်။ သေချာတာတော့ စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ သင့်ဘဝကိုအချိန်ဇယားတစ်ခုအတိုင်းအလုပ်မလုပ်ဘဲ အချိန်တွေကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ။ သင့်လုပ်ချင်ရာ လုပ်တဲ့အချိန်နဲ့ သင့်ဘဝကို တန်ဖိုးရှိစွာအသုံးပြုတဲ့အချိန်တွေ မျှတသင့်မြတ်ပါစေ။ သင့်ကိုစိတ်ရှုပ်စေမယ့် အရာတွေကို တွေးတောပြီး ရင်ထဲမှာငိုကြွေးနေတာကတော့ သင့်အတွက်သင်ပေးတဲ့အချိန်ကောင်းတော့မဟုတ်ပါဘူး။ အဲဒီအစား သင့်အတွက်ရှိနေပေးမယ့်လူတစ်ယောက်ကို အချိန်ပေးလိုက်ပါ။
• အရက် မူးရစ်ဆေးတွေကိုရှောင်ကျဉ်ပါ - မူးရစ်ဆေးဝါးတွေဟာ
သင့်ကိုထုံထိုင်းစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို ခဏအားဖြင့်
ပြေပျောက်သွားနိုင်ပါတယ်။ ရေရှည်မှာတော့ သင့်ရဲ့အရာရာအားလုံးကိုဆုံးရှုံးစေပြီး အသက်အန္တာရာယ်တောင်ဖြစ်လာစေမယ့် မကောင်းဆိုးဝါးဆိုတာ ငြင်းနိုင်စရာမရှိပါဘူး။
• ကဖင်းဓာတ်တွေနဲ့ အားဖြည့်အချိုရည်တွေကိုရှောင်ပါ - ကဖင်းဓာတ်ပါဝင်တဲ့အစားအသောက်တွေနဲ့
အားဖြည့်အချိုရည်တွေဟာ သင့်ခန္ဓာကိုယ်ကို ခေတ္တခဏတော့ မြူးကြွလာအောင်
လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကိုတော့
အမှန်တစ်ကယ်ဖြေဖျောက်မပေးနိုင်ပါဘူး။ တန်ဆေးလွန်ဘေးစကားပုံကလည်းရှိနေတော့ ရှောင်ကျဉ်တာအကောင်းဆုံးပါဘဲ။
• ဂီတ အသံ ကုထုံး - စိတ်ညစ်ရင် ဂစ်တာတီးပါလားကိုကိုရယ်ဆိုတာဟာ
တစ်ကယ်ထိရောက်တဲ့ စာသားလေးပါ။ စိတ်ညစ်နေတဲ့အချိန် ညင်သာပျော့ပြောင်းတဲ့
ဂီတသံ ရေစီးသံ တောထဲကကျေးငှက်သံတို့ဟာသင့်စိတ်အဆာအတွက် အများကြီးအထောက်အကူဖြစ်စေမှာပါ။ အလွယ်ဆုံးနည်းကတော့ ရေကိုသင်စိတ်ကျေနပ်တဲ့အထိချိုးရင်း
အသံပြဲကြီးနဲ့ သီချင်းဆိုတာဟာ သင့်အတွက် အကောင်းဆုံးကုစားနည်းပါ။
သီချင်းဆိုခြင်းဟာ အလွယ်အကူဆုံးနဲ့ လျင်မြန်ထိရောက်ဆုံးကုထုံးပါ။
• အတွေးအမြင် အာရုံ ကုထုံး - သင်စိတ်ညစ်တဲ့အခါ စိတ်ရှုပ်တဲ့အခါ မျက်လုံးလေးကိုခဏလောက်မှိတ်ထားပြီး
ပင်လယ်ကမ်းစပ်ကိုရောက်နေသလို စိတ်ကူးလိုက်ပါ။ လှိုင်းသံလေးကို
ကြားယောင်လိုက်ပါ။ စိမ်းလမ်းစိုပြေတဲ့ သစ်တောထဲကို
ရောက်သလိုစိတ်ကူးလိုက်ပါ။ ကျေးငှက်အော်သံလေးကိုနားထောင်လိုက်ပါ။ သင့်ကို စိတ်တည်ငြိမ်သွားအောင်ကူညီပေးပါလိမ့်မယ်။ လွယ်ခြင်ရင်တော့ သင့်ဖုန်းလေးထဲမှာ လှိုင်းသံတို့ သာယာတဲ့ ကျေးငှက်သံတို့ကို ထည့်သွင်းထားပြီး စိတ်ကူးယဉ်ကြည့်လိုက်ပါ။
• စာဖတ်ပါ တရားနာပါ - စိတ်ခွန်အားကိုဖြစ်စေသောစာ
များကိုစိတ်ပါလက်ပါဖတ်ရှုခြင်း ကိုယ်ယုံကြည်သော သာသနာတော်မှ တရားတော်များကို
နာကြားခြင်းဖြင့် စိတ်ဖိစီးမှုများကိုဖြေဖျောက်ပါ။
စိတ်ကျန်းမာ ကိုယ်ကျန်းမာလို့ လန်းဖြာရွင်လန်းဝမ်းမြောက်ပါစေကြောင်း
SQUAR
https://www.facebook.com/medicalarticlesforpeople
No comments:
Post a Comment