Thursday, December 12, 2013

အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အင်စတီကျူးရှင်းပြဿနာ

ရဲမြင့်ကျော်
ယခုအစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး နှစ်,နှစ်ကျော် ကြာ လာတဲ့အခါ အောင်မြင်ဖို့အတွက် အခက်အခဲပေါင်းစုံရှိနေကြောင်း အသံတွေထွက်လာပါတယ်။ အထူး သဖြင့် အစိုးရအဖွဲ့ ထဲမှာ အမြင့်ဆုံးတာဝန်ယူထားတဲ့ ၀န် ကြီးတွေနဲ့ နိုင်ငံတော်အကြံပေးတွေ ကိုယ်တိုင် ရဲ့ အသံတွေပါ။

စာနယ်ဇင်းနဲ့ မီဒီယာတွေကို သူတို့ပြောတာက “လူထုရဲ့တောင်းဆိုမှုတွေက သိပ်များလွန်းနေတယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်နေပေမယ့် အင်စတီကျူးရှင်းတွေက မလိုက်နိုင် ဘူး။ capacity က မရှိကြဘူး၊ ဌာနဆိုင်ရာဝန်ထမ်း တစ်သန်းလောက်မှာ အပြောင်းအလဲ လုပ်ချင်တဲ့သူ တစ်ထောင်လောက်ပဲရှိတယ်” စသဖြင့်။ နိုင်ငံတကာ ပညာရှင်တွေပြောတာနဲ့ အစီရင်ခံစာတွေ ထောက် ပြတာကြည့်ရင်လည်း အင်စတီကျူးရှင်းညံ့ဖျင်းတာ၊ မက်ခရိုစီးပွားရေး ပုံစံမကောင်းတာ၊ capacity နဲ့ skill တွေမရှိကြတာကိုပဲ အထပ်ထပ် ပြောထားတာတွေ့ရပါမယ်။


တကယ်လည်း ပြုပြင်ပြောင်းလဲရေး ဟာ အပေါ်ပိုင်းမှာ လုပ်သင့်သလောက် လုပ်နေပေမယ့် အောက်ခြေ ပိုင်းအထိ အရွေ့မရှိတာ၊ နဂိုအတိုင်း အကျင့်ပျက် ခြစားနေတာတွေကိုပဲ ပြည်သူတွေ မြင် တွေ့နေရပါ တယ်။ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲရေးဟာ “အင်” ကြီးပဲ၊ အစိုးရဟာ ခရိုနီတွေကိုသာ စေတနာရှိတယ်၊ ပြည်သူတွေဘ၀ကတော့ မထူးမခြားနားပဲလို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအများက စွဲမြဲခံယူလာကြ ပါတယ်။



ဒီတော့ အစိုးရနဲ့ပညာရှင်တွေ ပြော နေတဲ့ အင်စတီကျူးရှင်းကောင်းမရှိလို့၊ capacity မရှိကြလို့ ပြုပြင် ပြောင်းလဲရေး ထင်တိုင်းမပေါက် ဖြစ်နေတာဟာ တကယ် ဟုတ်သလားဆိုတာကို ဆန်းစစ်ဖို့လိုပါပြီ။ အရင်ဆုံး အင်စတီကျူးရှင်းဆိုတာ ဘာ လဲ။ ဘာကြောင့် မြန်မာပြည်က အင် စတီကျူးရှင်းတွေ စီမံခန့်ခွဲ မှုအလွဲလွဲ ဖြစ် နေရသလဲ။ ဘာကြောင့် အင်စတီကျူး ရှင်းတွေကို ကောင်းမွန်တည့်မတ်အောင် လုပ်မရ တာလဲဆိုတာ ကြည့်ကြည့်ဖို့ လို ပါမယ်။


အင်စတီကျူးရှင်းဆိုတာ

အင်စတီကျူးရှင်းတွေဆိုတာ “စည်းမျဉ်းစည်းကမ်းဥပဒေတွေ၊ ၎င်းတို့ကို လိုက် နာဆောင်ရွက်အောင် လုပ်ရတဲ့လုပ်ထုံးနည်းနာ မူဘောင်တွေ၊ အဖွဲ့အစည်းတွေ” (Institutions are rules, enforcement mechanism and organizations.) လို့ World Development Report ၂၀၀၂ အစီရင်ခံစာမှာ ဖွင့်ဆို ထားပါတယ်။ အမေရိကန်မှ စီးပွား ရေးပညာရှင် ဒေါက်တာမျိုးညွန့်က “လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအ ပြန်အလှန် ပြုမူလှုပ်ရှားမှုများကို ပုံဖော်ထားတဲ့ ဂိမ်းပွဲဆိုင်ရာဥပဒေသများ (Instit-utions are rules of the game that shape social, political and economic interactions.) လို့ ဟောပြောဖူးပါတယ်။ ဒီဖွင့်ဆိုချက်တွေကိုကြည့်ရင် အင်စတီကျူးရှင်းဆိုတာ အားလုံးသဘောတူ ချမှတ်ထားတဲ့ စည်းမျဉ်းဥပ ဒေသ မူဘောင် တွေပေါ်ကနေ ပါဝင်အလုပ်လုပ်ကြရတဲ့ လူတွေနဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့ မြင်ကြည့်နိုင်ပါတယ်။


အင်စတီကျူးရှင်းမှာ စည်းမျဉ်း ဥပဒေခွဲဝေမှု (allocation rules)၊ ဘယ်သူတွေက ဘာတွေကို ဘယ်လို လုပ်ပြီး ဘယ်သူတွေနဲ့ ထိတွေ့ဆက်ဆံမယ် စသဖြင့် တိတိကျကျ အားလုံးသဘောတူ ဆုံးဖြတ်ထားတဲ့ စည်းမျဉ်းတွေ (incl-usion rules)၊ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုဆိုင်ရာ စည်းမျဉ်း တွေ (accountability rules) နဲ့ ဘာပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ဆိုင်ရာ စည်းမျဉ်းတွေ (procedural rules) ရှိပါတယ်။


အင်စတီကျူးရှင်းနဲ့ အဖွဲ့အစည်း (organization) ဟာလည်း ကွာခြားပါတယ်။ ဥပမာ NGO လုပ်ငန်းတွေ ဆိုတာ အင်စတီကျူးရှင်းကြီးဖြစ်ပြီး အဲဒီအောက်မှာပါဝင်ရတဲ့ USAID, NED, UNICEF စတာတွေဟာ အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ တကယ်တော့ အင်စတီကျူးရှင်း တွေဟာ သံမဏိတိုင်တွေနဲ့ တည် ဆောက်ထားတာမဟုတ်ပါ။ တကယ် အင်အားအကောင်းဆုံး အင်စတီကျူးရှင်းတွေဆိုတာ သာမန်လူ တွေရဲ့ အသွေးအသားတွေနဲ့သာ ပေါင်းစုဖွဲ့စည်းထား တာဖြစ်ပါတယ်။


နောက်ပြီး အင်စတီကျူးရှင်းဟာ ပုံစံနှစ်မျိုးနဲ့ ရှိနိုင်ပါတယ်။ တရားဝင် အင်စတီကျူးရှင်းတွေ (formal institutions) နဲ့ အလွတ်သဘောဆောင်တဲ့ အင်စတီကျူးရှင်းတွေ (informal institutions) ပါ။ အ များသဘောတူ ရေးထား တဲ့ စည်းမျဉ်းဥပဒေတွေအောက်မှာ လုပ် ကိုင်နေတဲ့ အစိုးရဌာနတွေ၊ လွှတ် တော်တွေ၊ တရားရုံးတွေ၊ ပညာရေး လုပ်ငန်း တွေ၊ ပုဂ်္ဂလိကလုပ်ငန်းတွေ၊ ကော်ပိုရေးရှင်း စတာတွေဟာ တရားဝင် အင်စတီ ကျူးရှင်းတွေ ဖြစ်ပါတယ်။ ဘာသာရေး ပြဋ္ဌာန်းချက်တွေ၊ ရှေးရိုးစဉ်လာဓလေ့ ထုံးစံ တွေ၊ ယဉ်ကျေးမှု အထိန်းအကျောင်း တွေနဲ့သွားတာတွေက အလွတ် သဘော ဆောင်တဲ့ အင်စတီကျူး ရှင်းတွေ ဖြစ်ပါ တယ်။ formal institutions အားကောင်းတဲ့နိုင်ငံ တွေက တိုးတက်ချမ်းသာပြီး၊ formal institutions များလွန်းတဲ့ နိုင်ငံတွေကဆင်းရဲတွင်းမှ တိုးမထွက်နိုင် ဖြစ်ရပါတယ်။


လူတစ်စုအတွက် အင်စတီကျူးရှင်း


အပေါ်က အင်စတီကျူးရှင်း သဘောတွေအရကြည့်ရင် မြန်မာနိုင်ငံက အင်စတီကျူးရှင်းတွေဟာသူ့ သက်ဆိုင်ရာမူဘောင်အတွင်းမှာ မရှိကြတာကိုaတွ့ရပါမယ်။ အထင်ရှားဆုံးက စစ်ဘက်အင်စတီကျူး ရှင်းက အရပ်ဘက် အင်စတီကျူးရှင်းအပေါ် ၀င်ရောက်စွက် ဖက် လွှမ်းမိုးလွန်းပြီး၊ အင်စတီကျူးရှင်း ဥပဒေဖြစ်တဲ့ "rules of the game" ကစားပွဲကို ဖျက်ဆီးပစ်တာတွေ့ရပါမယ်။


အကျိုးဆက်အဖြစ် နိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး အင်စတီကျူးရှင်းတွေဟာ လူထုအားလုံး ပူးပေါင်း ပါဝင်နိုင် တဲ့ အင်စတီကျူးရှင်းတွေ (inclusive institutions) ဖြစ်မလာတော့ဘဲ လူတစ်စုအကျိုးခံစားဖို့ ဆွဲထုတ် ယူသွားတဲ့ အင်စတီကျူးရှင်းတွေ (extractive institution) ဖြစ်ကုန်ပါတယ်။ ကစားကွင်းတစ်ခုလုံး၊ ဈေး ကွက်တစ်ခုလုံးကို လူတစ်စုက ထိန်းချုပ် ထားပြီး၊ လူအများ ပြိုင်ဆိုင်ခွင့်မရအောင် ဖိနှိပ်ထားပါတယ်။ အင်စတီကျူးရှင်းလုပ်ငန်းဆိုတာ အားလုံးသူ့နေရာသူ ရှိနေနိုင်မှုဖြစ်ပါတယ်၊ ပါးစပ်က ပါးစပ်နေရာရှိပြီး၊ နှာခေါင်းကနှာခေါင်းနေရာရှိရင် အားလုံးအဆင်ပြေသလိုပါ။ နားရွက်က ပါးစပ်နေရာရောက်နေလို့ မဖြစ် သလို၊ စစ်တပ်က အရပ်ဘက်ဈေးကွက် ထဲဝင်ရောက်နေရင် အားလုံးပွဲပျက်ပြီး အကျည်းတန်သွားစေပါ တယ်။


မူကောင်းပါတယ်၊ လူမကောင်းတာ လက်ရှိအစိုးရအဖွဲ့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို အင်စတီကျူးရှင်းဆိုင်ရာ စည်းမျဉ်းမှန်နေရာမှန် ထားနိုင် ဖို့ အပြောင်းအလဲတွေ လုပ်ကြသလား ဆိုတာနဲ့ပဲ အကဲဖြတ် ရပါမယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး၊ စင်ကာပူလို တိုးတက်ရေး ဘယ် လောက်ပဲအော်အော်၊ အင်စတီကျူး ရှင်းဆိုင်ရာ မှန်ကန်မှုတွေ မရှိတဲ့အတွက်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အ တွက်ချမှတ်တဲ့ မူဝါဒတွေ စီမံကိန်းတွေဟာ အဟောသိကံနဲ့ပဲ အားမရစွာ အဆုံးသတ်နေဦးမှာ ဖြစ်ပါ တယ်။


ဒီအခါမှာတော့ အစိုးရပိုင်းက “တို့ကတော့လုပ်ပါတယ်။ လူတွေက မကောင်းတာ၊ အောက်ခြေက မလိုက် နိုင်တာ၊ မပြောင်းလဲချင်ကြတာ၊ capacity မရှိကြတာ” လို့ပြောရင်း၊ အရင်ခေတ် မဆလ အစိုးရ ပြောပုံအ တိုင်းပဲ။ “မူက ကောင်းပါတယ်၊ လူတွေ မကောင်းတာပါ” ဆိုပြီး လူတွေကိုပဲ နောက်ဆုံးအပြစ် ပုံချ ချင်ပုံ ရပါတယ်။


Mizzima - News in Burmese

No comments:

Post a Comment