Thursday, December 26, 2013

စတော့အိတ်ချိန်းဆိုသည်မှာ

ခိုင်ဇင်ဝင်း

လွန်ခဲ့သော နှစ်ပေါင်း ၄၀ နီးပါးခန်.က မဂ္ဂဇင်းစာအုပ်တစ်အုပ်တွင်အဖြူ/အမည်းဓာတ်ပုံတစ်ပုံကို မှတ်မှတ်သားသား ကြည့်ရှုခဲ့ဖူးပါသည်။ဓာတ်ပုံထဲတွင် လူလေးငါးဆယ်ခန် မတ်တပ်ရပ်နေကြပြီး လက်များကို မြှောက်လျက် ပုံသဏ္ဍာန်အမျိုးမျိုးသော လက်ချောင်းလေးများကို အချို.လည်း မိမိဘက်လှည့်ပြီးအချို.မှာ ဆန်.ကျင်ဘက်သို. လှည့်ကာ ထောင်ထားကြပါသည်။ ဓာတ်ပုံအောက်တွင် “ဟောင်ကောင် စတော့ အိတ်ချိန်းတွင် ရှယ်ယာများ ရောင်းဝယ်နေကြပုံ“ ဟုရေးထားရာစတော့အိတ်ချိန်းစင်တာထဲတွင် မိမိရောင်းချင်၊ ဝယ်ချင်သည် များကို လက်သင်္ကေတများပြ၍ ရောင်းကြ၊ ဝယ်ကြခြင်းဖြစ်ပါသည်။ အင်တာနက် ထွန်းကားလာသော ယနေ. ခေတ်တွင်မူ စတော့အိတ်ချိန်း စင်တာကြီးထဲသို. လူကိုယ်တိုင်သွားရောက်၍ ရောင်းမည့်သူ၊ ဝယ်မည့်သူများ ရှာဖွေကာ ရောင်းဝယ်စရာ မလိုတော့ပါ။ မိမိအိမ်မှပင်လှမ်း၍ဝယ်လို. ရနေပါပြီး။


ရင်းနှီးမြုပ်နှံနိင်သော၊ ရောင်းဝယ်နိင်သော ကဏ္ဍကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရငွေတိုက် စာချုပ်များ(Bonds)
( ခ ) အများပိုင်ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသော အစုရှယ်ယာများ(Shares)
( ဂ ) နိုင်ငံခြားငွေကြေးများ(Foreign Exchange)
(ဃ) ကုန်ပစ္စည်းများ(Commodities)
( င ) အဖိုးတန်သတ္တုများ(Precious Metal)

(က)နှင့်(ခ) မှာ စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ရောင်းခြင်း၊ဝယ်ခြင်းဆောင်ရွက်နိုင်ပါသည်။ ၄င်းတို.ကို အရင်းအနှီးဈေးကွက်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ကျန်သုံးမျိုးမှာ သက်ဆိုင်ရာ အိတ်ချိန်း များတွင် ရောင်းကြဝယ်ကြရမည်ဖြစ်ပါသည်။

အစိုးရငွေတိုက်စာချုပ်များ(Bonds)

အစိုးရက ပြည်သူလူထုထံမှ ငွေချေးယူနည်းတစ်မျိုးပင်ဖြစ်ပါသည်။ ငွေတိုက်စာချုပ် (တန်ဖိုးတခုခု) ဝယ်ယူ ထားသူအနေဖြင့်အတိုးရပါသည်။ ဘဏ်တွင်ငွေစုစာအုပ်(Saving) ဖြင့် ငွေစုလျှင်လည်း အတိုးရပါသည်။ ငွေစု စာအုပ်ဖြင့် ငွေစုလျှင် ငွေအသွင်း အထုတ်ကို ငွေစုသူအနေဖြင့် ကာလကန်.သတ်ချက်၊ ပမာဏ ကန်.သတ်ချက် မရှိကြိုက်သလောက် ပြုလုပ်ဆောင်ရွက်ခွင့်ရှိသော်လည်း ငွေတိုက်စာချုပ်ဝယ်ယူထားသူ အနေဖြင့် သတ်မှတ် ထားသော အချိန်ကာလ မရောက်မချင်း ငွေပြန်ထုတ်ယူခွင့် မရှိပါ။

ကျွန်တော်တို. နိုင်ငံတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်“က လက်ရှိ ထုတ်ရောင်းထားသော အစိုးရ ငွေတိုက် စာချုပ်အမျိုးအစားနှင့် အတိုးနှုန်းများမှာ သက်တမ်း(၂)နှစ်တွင် ငွေကျပ် တစ်သောင်း တစ်သိန်း တစ်သန်း ၁၀ သန်းအတွက် အတိုးနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ သက်တမ်း(၃) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၀၀ ရာခိုင်နှုန်း နှင့် သက်တမ်း (၅) နှစ်တွင် ငွေကျပ် တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ ၁၀ သန်းအတွက် အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

အဆိုပါ ငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်မှ တစ်ဦးတစ်ယောက်သို. အကန်.အသတ်မရှိ လွတ်လပ်စွာ ရောင်းချခွင့် ဝယ်ယူခွင့်ရှိပါသည်။ အစိုးရ ငွေတိုက်စာချုပ်ဟုဆိုရာတွင် အစိုးရ ငွေတိုက်စာချုပ်အပြင် အစိုးရငွေတိုက်လက်မှတ်/ ငွေချေးစာချုပ်များ/ ဒီပင်ချာများလည်း ပါရှိပါသည်။ ၄င်းအပြင် ပြည်တွင်းသာမက နိုင်ငံခြားအစိုးရနှင့် ယင်းတို.၏ အဖွဲ.အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ.အစည်းများမှ ထုတ်ဝေသောငွေတိုက်စာချုပ်များလည်း ပါဝင်ပါသည်။

၎င်းတို.ကို Bond Market ဟုခေါ်ပါသည်။ ဆုံးရှုံးနိုင်ခြေ နည်းပါးပြီး ခိုင်မာမှု ရှိပါသည်။

အများပိုင်ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသော ရှယ်ယာများ(Shares)

ကုမ္ပဏီများက အများပြည်သူထံမှ ငွေချေးယူနည်းတစ်မျိုးပင်ဖြစ်ပါသည်။ အစိုးရငွေတိုက်စာချုပ်များနှင့် ကွာခြားချက်မှာ အစိုးရငွေတိုက်စာချုပ်များသည် ထုတ်ရောင်းထားသော ရှယ်ယာများအတွက် ကုမ္ပဏီကို စာရင်းရှင်းဖျက်သိမ်းခြင်း မပြုမချင်းငွေပြန်ပေးစရာမလိုပါ။ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပြုမည့် ကုမ္ပဏီကို သေချာစွာ စိစစ်သုံးသပ်နိုင်ရန် အလွန်ရေးကြီးပါသည်။

ကုမ္ပဏီများတွင် ပုဂ္ဂလိပိုင် (Private Co.Ltd.)နှင့်အများပိုင် (Public Co.Ltd.)ဟူ၍ နှစ်မျိုးရှိသည်။ အများပိုင်ကုမ္ပဏီများကသာ အများပြည်သူသို. ရှယ်ယာများထုတ်ဝေရောင်း ချခွင့်ရှိပါသည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီ များအနေဖြင့်အများပြည်သူသို. ရှယ်ယာများထုတ်ဝေရောင်းချခွင့် မရှိပါ။

နိုင်ငံခြားငွေကြေးများ (Foreign Exchange)

အထက်တွင် တင်ပြခဲ့သော အစိုးရငွေတိုက်စာချုပ်များနှင့် ကုမ္ပဏီတို.၏ အစုရှယ်ယာများ ရောင်းဝယ်ခြင်း တို.မှာ ယခုအခါ၍ မြန်မာနိုင်ငံတွင် Stock Exchange မရှိသေးသော်လည်း MSEC မှ (Over the Counter ဈေးကွက်တွင်) တာဝန်ယူရောင်းချပေးနေမှုကြောင့် မြန်မာနိုင်ငံတွင်လွန်စွာတွင်ကျယ်မှု မရှိသေးသော်လည်း အရောင်းအဝယ်ရှိနေပြီးဟု ဆိုရပါမည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေကိုင်ဆောင်ခွင့်၊ လဲလှယ်ပေးသည့် ငွေလဲ ကောင်တာဖွင့်လှစ်ခွင့်၊ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်၊ ပြည်သူတစ်ဦးချင်းစီအား နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ် ခွင့်များကို အဆင့်ဆင့်ခွင့်ပြုပေးခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ် လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်းငွေလဲနှုန်း စနစ်သို့ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်မှ စတင်ကာ ပြောင်းလဲပေးခဲ့ပါသည်။

အထက်ပါအကြောင်းအချက်များသည် မြန်မာနိုင်ငံတွင် Stock Exchange ထူထောင်ရန်အတွက် ကြိုတင် ပြုပြင်ပြောင်းလဲပြင်ဆင်ချက်များပင် ဖြစ်သည်ဟုဆိုရပါမည်။

ယခုအခါတွင် နိုင်ငံခြားငွေများအား လွတ်လပ်စွာ လဲလှယ်နိုင်မှုမရှိသေးပါ။ ထို.အတူ ကုန်ပစ္စည်းများ ရောင်းဝယ်သော ဈေးကွက်နှင့် အဖိုးတန်သတ္တုများ ရောင်းဝယ်သောဈေးကွက်များလည်း မြန်မာနိုင်ငံတွင် လုံးဝမရှိသေးပါ။

ဤ Currency Market သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး Market ကြီးဖြစ်ပါသည်။ တစ်စက္ကန်.အတွင်း မရေတွက်နိုင်လောက်သော ငွေကြေးပမာဏ များဖြင့် လူပေါင်းများစွာ ရောင်းဝယ်နေကြပါသည်။

Currency Market တွင် ကမ္ဘာ၌အဓိကရောင်းဝယ်နေကြသော ငွေမာများမှာ အမေရိကန်ဒေါ်လာ၊ ပေါင် စတာလင်၊ ယူရိုငွေနှင့် ဂျပန်ယန်းငွေစသည့် တို.ဖြစ်ကြပါသည်။ နိုင်ငံခြားငွေ (Foreign Exchange) ကို အတို ကောက် အားဖြင့် Forex ဟုခေါ်ဆိုကြပါသည်။

ကုန်ပစ္စည်းများ(Commodities)

ဆန်၊စပါး၊ ပဲအမျိုးမျိုး၊ ဂျုံ၊သကြား၊ လောင်စာဆီ(ရေနံ၊ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ. ၊ လေယာဉ်ဆီ) စသည့် ကုန်ပစ္စည်းများစွာတို.ကို ဈေးကွက်အတွင်းမှ ဝယ်ယူရရှိနိုင်ပါသည်။ ဥပမာ-ဈေးကွက်အတွင်းမှ ဒီဇယ်ပီပါ အလုံး ၁၀၀၀ ဝယ်ယူရာတွင် စာရွက်ပေါ်တွင်သာ ဝယ်ယူခြင်းဖြစ်ပြီး ပကတိအခြေအနေတွင် ဒီဇယ်များကို သွားသယ်ပြီး သိုလှောင်သိမ်းဆည်းထားစရာမလိုအပ်ပါ။


ကျွန်တော်တို. မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း Exchange ဒိုင် မရှိသေးသည့်အတွက် ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းများတို.ကို ဝယ်ယူ၍ မရနိုင်သေးပါ။ ကုန်ပစ္စည်း Exchange ဒိုင် ပေါ်ပေါက်လာပြီဆိုပါလျှင် မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်ပစ္စည်းများဖြစ်သော ဆန်စပါး ပဲအမျိုးမျိုး စသည်တို.ကို Exchange ဒိုင်ဈေးကွက်အတွင်းမှ ဝယ်ခြင်း၊ ရောင်းခြင်းကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ပါလိမ့်မည်။

အဖိုးတန် သတ္တုများ(Precious Metal)

ဈေးကွက်အတွင်းမှ ရွှေ၊ ပလက်တီနမ်၊ ငွေ၊ ကြေးနီ၊ အလူမီနီယမ် စသည့်သတ္တုများကိုလည်း ဝယ်ယူ ရရှိနိုင်ပါသည်။ စာရွက်ပေါ်တွင် ဝယ်ယူခြင်းပင်ဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ရောင်းဝယ်ပုံနှစ်မျိုးရှိသည့်အနက် တစ်မျိုးမှာ ဈေးနှုန်းတစ်ခုတွင် ဝယ်ယူထားပြီး ဈေးတက်သောအခါ ပြန်ရောင်းချခြင်းဖြစ်ပါသည်။ ဈေးတက် သွားလျှင်မြတ်မည်ဖြစ်ပြီး ဈေးကျသွားလျှင် ရှုံးမည်ဖြစ်ပါသည်။ဤသည်ကို Short Selling ဟုခေါ်ပါသည်။ ဈေးကွက်အတွင်းဝင်ရောက်၍ ဝယ်ခြင်း၊ ရောင်းခြင်းပြုလုပ်တော့မည်ဆိုလျှင် မည်သည့်နည်းနှင့် ဝယ် /ရောင်း
လုပ်မည်ကို ပွဲစား(Agent )အား မှာကြားရာတွင်၌ Long Buying လား၊ Short Selling လားခွဲခြားပြောဆိုရပါမည်။

စတော့ရှယ်ယာ ရောင်းဝယ်ကြပုံ

အရောင်းအဝယ်ပြုမည့်သူတစ်ဦးသည် ပထမဦးစွာ အကျိုးဆောင်လုပ်ငန်း(ပွဲစား)များနှင့် ဆက်သွယ်ကြ ရပါမည်။ အကျိုးဆောင် လုပ်ငန်းကို လုပ်ကိုင်ကြသူအများစုမှာ ဘဏ်များသာဖြစ်ကြပါသည်။ ပထမဦးစွာ ဘဏ်တွင်ငွေစုစာအုပ် (သို.မဟုတ်) Current Account စာရင်းဖွင့်ပြီး ငွေသွင်းရပါသည်။ ပြီးမှ အရောင်းအဝယ် ပြုလုပ်မည့် စာရင်းတစ်ခုဖွင့်လှစ်ကာ ငွေစုစာအုပ် (သို.မဟုတ်) Current Account စာရင်းသို. ပြန်လည် လွှဲပြောင်း ယူကြပါသည်။ အဆိုပါငွေကို ပြန်လည်လွှဲပြောင်းယူခြင်းမပြုဘဲ အရောင်းအဝယ်ပြုလုပ်သည့် စာရင်းထဲတွင် ထားလျှင်လည်း အတိုးရပါသည်။အဆိုပါအတိုးမှာ ငွေစုစာအုပ်ထဲတွင်ထားသော အတိုးထက် နှုန်းထားပိုသည်ဟု ဆိုပါသည်။


ဘဏ်မှပေးပို.လိုက်သော ရောင်းဝယ်မှုအချက်အလက်သည် စတော့အိတ်ချိန်းစင်တာထဲရှိ အလိုလျောက် တွက်ချက်ပေးသည့်(ကွန်ပျူတာ)စက်ထဲသို. ရောက်ရှိသွားပြီးသည်နှင့် ရောင်းဈေးကိုက်ညီပါက အရောင်းအဝယ် ပြီးမြောက်ပါသည်။(ငွေဖြစ်လွယ်သည့်သဘောပင်ဖြစ်ပါသည်။) များပြားလှစွာသော လူများမှာများပြားလှစွာသော ငွေကြေးပမာဏများဖြင့် ရောင်းဝယ်နေကြရာ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် တစ်စက္ကန်.အတွင်းဈေးနှုန်းများ အကြိမ်များစွာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။ (ဝယ်လိုအား၊ ရောင်းလိုအားနှင့် ထိန်းညှိပေးထားခြင်းစသော အချက်သုံးချက်စုဆုံလိုက်သောအခါ ဈေးနှုန်းသည် အချိန်နှင့်အမျှ ဤကဲ့သို. ပြောင်းလဲနေရခြင်းဖြစ်ပါသည်။)


အရောင်းအဝယ် ပြီးမြောက်ပြီးနောက် မိမိရောင်းဝယ်လိုက်သော ဘဏ်နှင့်စတော့အိတ်ချိန်း၏ ငွေစာရင်း ရှင်းလင်းရေးဌာနသို. ချိတ်ဆက်လျက် ငွေစာရင်းရှင်းလင်းခြင်း၊ စတော့ရှယ်ယာရောင်းဝယ်ခြင်းဆိုပါကလည်း စတော့ရှယ်ယာများလွှဲပြောင်းခြင်း သည်တို.ကိုဆောင်ရွက်ပေးကြပါသည်။ ထို.ကြောင့် မိမိကိုယ်တိုင် ရောင်းဝယ်မှု ပြုသည်ထက် အကျိုးဆောင်ပွဲစားများဖြင့် ဆောင်၇ွက်ခြင်းက ငွေကုန်အချိန်ကုန် သက်သာစေပါသည်။

ပွဲစားများ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သတ်မှတ်ထားသော အရည်အချင်း များနှင့် ကိုက်ညီမှသာ ပွဲစားဆောင်ရွက်ခွင့်ရှိကြပါသည်။ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ / မရှိ အရည်အချင်းစစ်ဆေးမှု ခံယူကြရပါမည်။ အောင်မြင်မှသာ ပွဲစားလုပ်ငန်း လုပ်ကိုင်ခွင့်ရကြပါသည်။ ပွဲစား တို့သည် သတ်မှတ်ထားသော ကော်မရှင်ခ (ပွဲခ) ရကြပါသည်။ ပွဲစားများတွင် ကော်မရှင်ခ များများ ပေးရသော ပွဲစားနှင့် ကော်မရှင်ခ သက်သာသောပွဲစားများဟူ၍ ရှိကြရာ ပထတစ်မျိုးတွင် အရောင်းအဝယ်များကို ကဏ္ဍအလိုက် စိစစ်ဝေဖန်သုံးသပ်သော ကိုယ်ပိုင်အဖွဲ့များ ရှိကြပါသည်။ သို့ဖြစ်၍ ဖောက်သည်များကို ရောင်းခြင်း၊ ဝယ်ခြင်းနှင့် ပတ်သက်၍ အကြံဥာဏ်များပေးပါသည်။ အချိန်ပေး၍ ရှင်းပြခြင်း၊ ဆွေးနွေးခြင်းပြုကြပါသည်။ ကော်မရှင်ခ (ပွဲခ) များများ ပေးရပါသည်။

ဒုတိယတစ်မျိုးမှာမူ ဖောက်သည်က ဆောင်ရွက်ခိုင်းသည့် (Order) အတိုင်း အရောင်းအဝယ် ပြီးမြောက် အောင်သာ ဆောင်ရွက်ပေးပါသည်။ ရောင်းရေးဝယ်တာ ကိစ္စနှင့်ပတ်သက်၍ ဖောက်သည်ကို မည်သည့်အကြံ ဥာဏ်မျှ မပေးပါ။ ကော်မရှင်ခ လျှော့ယူသဖြင့် သက်သာပါသည်။

စတော့ရှယ်ယာများကို တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင် ဝယ်ခြင်း၊ ရောင်းခြင်းဆောင်ရွက်နိုင်သော်လည်း မိမိ ရောင်းမည့်ရှယ်ယာကို ဝယ်မည့်သူ၊ မိမိလိုချင်သော ရှယ်ယာကို ရောင်းမည့်သူအား ကိုယ်တိုင်ရှာဖွေ တွေ့ရှိ နိုင်ရန် ခက်ခဲခြင်း၊ ယုံကြည်ရမှု ရှိ/မရှိ သိရှိနိုင်ရန် ခက်ခံခြင်း၊ အရောင်းအဝယ်ဖြစ်သည့်တိုင် ကုန်ကျစရိတ်များ ပြောခြင်းတို့ ကြောင့် စတော့ရှယ်ယာရောင်းဝယ်ခြင်းလောကတွင် ပွဲစားသည် မဖြစ်မနေ လိုအပ်လာခဲ့ပါသည်။

ဘဏ်များ၏ အခန်းကဏ္ဍ

ရင်းနှီးမြှုပ်နှံမှု၊ ရောင်းဝယ်မှုလောကတွင် ဘဏ်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ကို တွေ့ရှိကြရပါမည်။ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှာ များသောအားဖြင့် ဘဏ်များသာဖြစ်ကြပါသည်။ ဘဏ်များသည် စတော့အိတ်ချိန်းများနှင့်ရော ကောင်တာဈေးကွက်နှင့်ပါ ချိတ်ဆက်ထားပြီး ငွေချေးသက်သေခံ လက်မှတ်များ၊ အများပိုင် ကုမ္ပဏီတို့၏ အစုရှယ်ယာများကို မူလဈေးကွက်အဖြစ် တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချီ ရောင်းချပေးကြ ပါသည်။ ဘဏ်များသည် ရောင်းလို / ဝယ်လို သူများအား ကော်မရှင်ခ(ပွဲခ)ယူ၍ အကျိုးဆောင် လုပ်ငန်းကိုလည်း လုပ်ကိုင်ပေးကြပါသည်။ ရိုးရိုးအကျိုးဆောင်လုပ်ငန်းရော၊ အကြံဥာဏ်ပေးမှုပါသည့် အကျိုးဆောင် လုပ်ငန်းပါ နှစ်မျိုး လုံးလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ကိုယ်တိုင်လည်း အရောင်း / အဝယ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြပါသည်။ ဘဏ်များတွင် တာဝန်ထမ်းဆောင်ကြသော ဈေးကွက် Analysis ပြုလုပ် သူများနှင့် IT ပညာရှင်များမှာ လစာ အလွန်ကောင်းကြပါသည်။ လုပ်ငန်းများအောင်မြင်သည်နှင့်အမျှ Bonus များလည်း များပြားစွာ ရရှိကြပါသည်။


ယခုအခါတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေကြေးကိုင်ဆောင် လဲလှယ်ခွင့် ပေးခြင်း၊ နိုင်ငံခြားငွေကို နိုင်ငံရပ်ခြားတိုင်းပြည်များနှင့် ငွေလွှဲပို့လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံခြားဘဏ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ယခုနောက်ဆုံးအများပြည်သူ မည်သူ့ကိုမဆို နိုင်ငံခြားငွေစာရင်း အလွယ်တကူ ဖွင့်လှစ်ခွင့် ပြုခြင်းများ ခွင့်ပြုလာခဲ့ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ငွေကြေးလုပ်ငန်းများ၊ စတော့အိတ်ချိန်း ပေါ်ပေါက်လာပြီး စတော့ရှယ်ယာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လာနိုင်ပြီဆိုသည့် သဘောပင်ဖြစ်ပါသည်။

ပြည်သူအများ လေ့လာသိရှိ အကြံပြုနိုင်ရေးအတွက် ၁၅-၇-၂၀၁၂ ရက်နေ့တွင် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း ပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါ ဥပဒေကို အတည်ပြုပြီး သည့်နောက် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ရေးဆွဲရဦးမည် ဖြစ်ပါသည်။ ပြီးမှသာ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်သော လုပ်ငန်းခွင်ဆိုင်ရာများကို ဘဏ်ဝန်ထမ်းများအား သင်ကြားလေ့ကျင့် ပေးနိုင် ပါလိမ့်မည်။ စတော့အိတ်ချိန်းများ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်ချိန်နှင့် ဘဏ်များ၊ တစ်နည်းအားဖြင့် ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်ရန် အစစအရာရာ အဆင်သင့်ဖြစ်ချိန်မှာ တစ်ထပ်တည်း လိုလိုဖြစ်ဖို့ လိုမည်ဟု ထင်ပါသည်။

OTC ဈေးကွက် သို့မဟုတ် ကောင်တာဈေးကွက်

ဘဏ်များ၏ ကောင်တာပေါ်တွင် (Over the Counter) ရောင်းဝယ်ကြရာမှ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်း အခြားနေရာများတွင် ဝယ်ကြရောင်းကြသောအခါ၌လည်း Over the Counter ဟုပင် ခေါ်ဝေါ်ကြ ပါသည်။ OTC ဈေးကွက်တွင် သတ်မှတ်ထားသော နေရာမရှိပါ။ စတော့အိတ်ချိန်းများတွင် စာရင်းမဝင် သေးသော (အများပိုင်) ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ရောင်းဝယ်နိုင်ကြပါသည်။ စတော့အိတ်ချိန်းကဲ့သို့ တင်းကျပ်သော စည်းကမ်းချက်များ ချမှတ်ထားခြင်းမရှိဘဲ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်၏ ကြီးကြပ်မှုအောက်တွင် ရှိပါသည်။ စတော့အိတ်ချိန်းများတွင် အရောင်းအဝယ်ဖြစ်သည့်နည်းတူ ကောင်တာဈေးကွက်များ လည်း ရောင်းကြ၊ ဝယ်ကြ အရောင်းအဝယ်ဖြစ်ကြပါသည်။

စတော့အိတ်ချိန်းများ၏ သမိုင်းအကျဉ်း

UK နိုင်ငံ လန်ဒန်စတော့ရှယ်ယာ အရောင်းအဝယ်ဈေးကွက်ကို (၁၇) ရာစု ကုန်ခါနီးတွင် စတင်ခဲ့သည်ဟု ဆိုပါသည်။ သို့ရာတွင် ၁၇၇၃ ခုနှစ်တွင်မှ တရားဝင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဗြိတိသျှအင်ပါယာမှာ ထိုခေတ်ထိုအခါက နေမဝင်အင်ပါယာဟု တင်စားခံရလောက်အောင် ကြီးမားကျယ်ပြန့်သည်ဖြစ်၍ စတော့အရောင်းအဝယ် ဈေးကွက် သည်လည်း ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးဖြစ်ခဲ့ပါသည်။ ယခုနှောင်းပိုင်းခေတ်၌ ဈေးကွက်အကျယ်ပြန့် အထွန်း ကားဆုံး နယူးယောက် စတော့အိတ်ချိန်းကို ၁၇၉၂ ခုနှစ် မေ ၁၇ ရက်တွင် Wall Street လမ်းတွင် ဖွင့်လှစ်ခဲ့ ပါသည်။ ဂျပန်နိုင်ငံ တိုကျိုစတော့အိတ်ချိန်းကိုမူ ၁၈၇၂ ခုနှစ်က တည်ထောင်ခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာပေါ်တွင် စတော့အိတ်ချိန်းများ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့ ခေတ်အချိန်အခါကဲ့သို့ နေ့စဉ်ငွေကြေးတန်ဖိုး ကုဋေပေါင်းများစွာ အရောင်းအဝယ် ပြုလုပ်လာကြသည်မှာ ဆယ်စုနှစ်အနည်းငယ်မျှသာ ရှိပါသေးသည်။ ဤအခြေအနေသို့ရောက်အောင် ဦးဆောင်ကြိုးပမ်းသူမှာ အမေရိကန် နိုင်ငံ နယူးယောက်စတော့အိတ်ချိန်းကို အခြေပြု၍ စတော့ရှယ်ယာအရောင်းအဝယ်လုပ်ငန်း ပွဲစားလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် “ချားလ်စ်အီမာရီးလ်” ဆိုသူပင် ဖြစ်ပါသည်။

စတော့အိတ်ချိန်းများ၏ အရေးပါပုံနှင့် အကျိုးကျေးဇူး

တိုင်းပြည်တစ်ပြည်၏ စီးပွားရေးအခြေအနေကို ထိုတိုင်းပြည်ရှိ စတော့အိတ်ချိန်းများ၏ ရောင်းဝယ်မှု အခြေအနေများအား ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။ (၁၉၂၉-၁၉၄၁) ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးသည် စတော့ဈေးကွက် အပြိုအလဲမှ စတင်ခဲ့သည်ဟု လည်းကောင်း၊ ၁၉၉၇ အရှေ့တောင်အာရှ ငွေးကြေး အကျပ်အတည်းသည် ဒေါ်လာငွေနှင့် ဒေသခံငွေကြေးများ လဲလှယ်ရောင်းဝယ်ကြရာမှ စတင်ခဲ့သည်ဟု လည်းကောင်း သိရှိမှတ်သားခဲ့ရဖူးပါသည်။ သို့ပါ၍ ဈေးကွက်အသီးသီးကို စနစ်တကျ ထိန်းညှိဆောင်ရွက် သွားကြ ရမည် ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေကာမူ ဈေးကွက်အသီးသီးတွင် ဝင်ရောက်ရောင်းဝယ်ရင်းနှီးမြှုပ်နှံကြသူများအဖို့ ဈေးကွက် အသီးသီးမှ အသီးအပွင့်အကျိုးအမြတ်များကို ခံစားရရှိရမည်မှာ သေချာပါသည်။

စတော့အိတ်ချိန်းများသည် အောက်ပါအကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည် -
(က) အများပိုင်ကုမ္ပဏီများ ဖွဲ့စည်း၍ အများပြည်သူသို့ စတော့ရှယ်ယာများ ထုတ်ဝေရောင်းချခြင်း အားဖြင့် ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် လိုအပ်သော အရင်းအနှီးများကို အကုန်အကျ သက်သာစွာ ရရှိနိုင် ပါသည်။
( ခ ) အများပိုင် ကုမ္ပဏီများမှ ရရှိလာသော အရင်းအနှီးများဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြရာ ပြည်သူလူထု အတွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေပါသည်။
( ဂ ) ပြည်သူလူထုအတွင်း၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ပေါ်ပေါက်လာစေပါသည်။ ပင်စင် စားများနှင့် သင့်လျော်သော ဈေးကွက်၊ အရင်းအနှီးနည်းပါးသူများနှင့် သင့်လျော်သော ဈေးကွက် များလည်း အသီးသီးရှိကြပါသည်။
(ဃ) ထိန်းကျောင်းပဲ့ကိုင်မှု စနစ်ကောင်းသည်နှင့်အမျှ လိမ်လည်မှုများလည်း ကင်းဝေးမည်ဖြစ်၍ စိတ်ချ လက်ချ တရားဝင်ရောင်းဝယ် ရင်းနှီးမြှုပ်နှံနိုင်ကြမည်ဖြစ်ပါသည်။
( င ) ပြည်သူလူထုအနေဖြင့် ဈေးကွက်အသီးသီးတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာမှုကြောင့် ငွေဖောင်းပွ မှုကို လျော့ကျစေပါသည်။
( စ ) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ ရှယ်ယာများကို ဈေးကွက်အတွင်း ထုတ်ဝေရောင်းချခြင်းအား ဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော အရင်းအနှီးကို ပြည်သူလူထုထံမှ လွယ်ကူစွာ ရရှိ စေနိုင်ပါသည်။
(ဆ) နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခွန်ရငွေတိုးပွားလာမည်ဖြစ်၍ နိုင်ငံတော်၏ စီးပွာေးရးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာမည် ဖြစ်ပါ သည်။ များမကြာမီ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းများ ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။

စတော့အိတ်ချိန်းများသည် နိုင်ငံတစ်နိုင်ငံတွင် ရှိသင့်ရှိထိုက်သော အရာများပင်ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအတွက်ရော အများပြည်သူတို့အတွက်ပါ လွန်စွာအကျိုးများစေသည့် အရာများလည်း ဖြစ်ပါသည်။ ကမ္ဘာ့ရွာ စီးပွားရေး လောကအတွင်းသို့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများပါ ပါဝင်ခွင့်ရသွားသည့် သဘောပင်ဖြစ်ပါ သည်။

ရောင်းခြင်း၊ ဝယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းစသည့် ပညာရပ်များ၊ ဆုံးရှုံးနစ်နာနိုင်ခြေကို ကာကွယ်နိုင်သည့် နည်းလမ်းများသည် ပညာရပ်များအနေဖြင့် ရှိနေပါသည်။ စတော့အိတ်ချိန်းများ ပေါ်ပေါက်လာပါက ဤလောက အတွင်းသို့ ဝင်ရောက်မည်ဟု မျှော်မှန်းထားကြသူများအဖို့ အထက်ပါပညာရပ်များကို ယခုကတည်းက ကြိုတင်လျက် လေ့လာဆည်းပူးထားသင့်ပါပြီဟု အကြံပြုအပ်ပါသည်။

၉-၉-၂၀၁၂ ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment