လာမည့်၂၀၁၅ ခုနှစ်မကုန်မီ ကျင်းပမည်ဟု မျှော်မှန်းထားကြသည့် အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ် ပြိုင်ရန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့်ပါတီအချို့ စီမံချက်ရေးဆွဲ ပြင် ဆင်နေပြီဖြစ်သော်လည်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ ကျင်းပမည့် နေ့ ရက် တရားဝင်ကြေညာပြီးမှသာ ပြင်ဆင်မှုများစတင်မည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉဏ်ဝင်း က ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ရွေး ကောက်ပွဲ ဘယ်တော့လုပ်မယ်လို့ ကြေညာပြီးမှဘဲ ပါတီတွင်း ပြင်ဆင်မှုတွေကို လုပ်သွားမယ်”ဟု ၎င်း က ဆိုသည်။
သို့သော် လာမည့်ရွေးကောက်ပွဲအတွက် တိုက်ရိုက်ပြင်ဆင်နေခြင်း မရှိသော်လည်း လူထုနှင့် တိုက်ရိုက် ထိတွေ့နိုင်ရန် NLD က ကြိုးပမ်းနေပြီး ယင်းကို နိုင်ငံအနှံ့ ဖွဲ့စည်းပုံဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း ဖြင့် ဖော်ဆောင်နေခြင်းလည်း ဖြစ်သည်။
NLD ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသော၂၀၁
“အခုလွှတ်တော်ကိုယ်စားလှယ်တွေ ရထားတဲ့နေရာကသူတွေက သူတို့နေရာတွေအတိုင်း ၀င်ရောက်ဖို့ ရှိတယ်။ လက်ရှိမှာ ပါတီက ရွေးကောက်ပွဲအတွက် ခက်ခဲမှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ၉၃ ခုနှစ်ကတည်းက အသင်းဘ၀နဲ့ ဆောင်ရွက်လာတာဆိုတော့”ဟု USDP ဗဟိုကော်မတီဝင် ဦးတင့်ဆွေက ပြောသည်။
မဲဆန္ဒနယ်အားလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နယ်မြေတစ်ခု၏ ပါတီအပေါ် လက်ခံမှုနှင့် ပုဂ်္ဂိုလ်ရေး ယှဉ်ပြိုင်နိုင်မှုတို့ကို အခြေခံ၍ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် စီစဉ်ထားသည်။
စစ်အစိုးရက ကျင်းပပေးပြီး မဲရလဒ် အကောင်အထည်ဖော်ပေးခြင်း မရှိခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် NLD နှင့် အဓိကယှဉ်ပြိုင်ဘက်ဖြစ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
“မြို့နယ်အသီးသီးမှာ တစ်ခုချင်းစီကို စိစစ်ခိုင်းထားတယ်။ ကိုယ့်ပါတီတွေရှိတဲ့ မြို့နယ်တွေမှာ ပါတီအ ပေါ်ပြည်သူတွေရဲ့ သဘောထားတွေ ဒါတွေကို သေချာစိစစ်ပြီးတော့ ၀င်ရောက်မယ့်နေရာတွေကို ဆုံး ဖြတ်မယ်။ နောက်တစ်ခုက ၂၀၁၀ မှာ ရရှိခဲ့တဲ့ မဲဆန္ဒနယ်တွေကိုတော့ အားလုံး ၀င်ပြိုင်မယ်”ဟု ဆို သည်။
မဟာမိတ်ပြုလုပ်ထားသည့် တိုင်းရင်းသားများဘက်ကမူ ပြည်နယ်များတွင် ပါတီတစ်ခုစီသာ ယှဉ်ပြိုင် မည်ဖြစ်ပြီး တိုင်းအချို့၌မူ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) အနေဖြင့် ၀င်ပြိုင်ရန် စီစဉ်ထားကြသည်။ တိုင်းရင်းသားပါတီ ၁၆ ခုဖြင့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)ဟု မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်ပြီး ယင်းပါတီတို့မှ ကိုယ်စားလှယ်အချို့ ထုတ်နုတ်၍ FUP ဟူသောအမည်ဖြင့် ပါတီသစ်တစ်ခု ထူ ထောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“NBF မှာပါတဲ့ တိုင်းရင်းသားပါတီတွေက သူတို့ရဲ့ပြည်နယ်တွေမှာ နေရာအကုန်လုံး ၀င်ပြိုင်မယ် တိုင်း ရင်းသားပါတီတွေထဲကတော့ အရှို ချင်းအမျိုးသားဖွံ့ဖြိုးတိုးတက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတ
“မြို့နယ်တွေကိုဆင်းပြီးတော့မှ သူတို့ဆီက တင်ပြလာတာကို သေချာစိစစ်မယ်။ တကယ် နိုင်ငံရေးလုပ် ချင်တာလား၊ ရွေးကောက်ပွဲစားရိတ်တွေကို ကုန်ကျခံနိုင်မလား၊ အမတ်ဖြစ်ချင်လို့၊ ၀န်ကြီးဖြစ်ချင်လို့ လားဆိုတာတွေကို စိစစ်ပြီးတော့ သေချာ စိစစ်ရွေးသွားမယ်”ဟု ဥက္ကဋ္ဌဦးခင်မောင်ဆွေက အသိပေး သည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌မူ ပါတီ ၃၇ ပါတီသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယ နေ့တွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
ထို့ပြင် နိုင်ငံရေးပါတီများ ဝေဖန်နေကြသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြန် လည်ပြင်ဆင်ရန် ရှိနေသည်။
Mizzima - News in Burmese
No comments:
Post a Comment