● အပြုတ်တိုက်ရေး ယဉ်ကျေးမှု
မြန်မာ့နိုင်ငံရေးဓလေ့သည် တော်လှန်သောဗီဇမျိုးရင်းများဖြင
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမ
သို့သော် ဗိုလ်ချုပ်အောင် ဆန်းသည် မြန်မာ့လွတ်လပ်ရေးကို အပြုတ်တိုက်ရေးလမ်း ကြောင်းမှ သွေဖီပြီး Pragmatic Approach ဖြစ်သော စားပွဲဝိုင်းတော်လှန်ရေးဖြင့် ရအောင် ယူပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လွန်လေပြီးသော အချိန်၌ကား မြန်မာ့နိုင်ငံရေးဓလေ့တွင် စားပွဲဝိုင်းတို့ မှောက်ခုံလန်ကာ တော်လှန်ရေးနှင့် အပြုတ် တိုက် ရေးမူဖြင့်သာ စခန်းသွားခဲ့ကြရပြန်ပေသည်။
ကျော်ဖြတ်ခဲ့ပြီးသော နိုင်ငံရေးခရီးကြမ်းတလျှောက်လုံ
●သမိုင်းဘီး တစ်ပတ် လည်-မလည်
အခမဲ့အကျိုးတော်ဆောင် ဆရာဦးကျော်ဝင်းကမူ သမိုင်းဖန်တီးနိုင်သည့် Player များ၏ အသိ ဥာဏ် အမြော်အမြင်များ တက်မလာခဲ့လျှင် သမိုင်းဘီး တစ်ပတ်လည်နိုင်သည် ဟု တွိုင်ဘီ၏အဆိုကို ကိုး ကား၍ ပြောသည်။ ၁၉၆၀ မှ ၁၉၆၂ ခုနှစ်တို့အကြား အရေးကြီးသော ဖြစ်စဉ်(၃)ရပ် ရှိခဲ့ပြီး (၁) ပထစ ဦး-ဗိုလ်-သခင် အကွဲအပြဲ၊ (၂) အခြေခံဥပဒေပြင်ဆင်ရေး (ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်)၊ (၃) လူမျိုး ရေးအဓိကရုဏ်း (နိုင်ငံတော်ဘာသာ ပြဌာန်းမှုအစပြု) ဟု ဆိုသည်။ သမိုင်းဖြစ်ရပ်(၃)ခုလုံးကို လက်ရှိ အချိန်တွင် ထပ်တူနီးပါး ပြန်လည်မြင်တွေ့နေရခြင်းသည် သမိုင်းဘီးတစ်ပတ် လည်တော့မည့် ရှေ့ပြေး သင်္ကေတလေလား ဟု စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။
ရရှိခဲ့ပြီးသော အရွေ့ကို မည်သူတို့က မည်မျှ ရွေ့သည် ထင်သနည်း ဟူသော အချက်ကို အခြေခံ ၍ ဆက်လက်ဖြစ်ပေါ်လာသော လက်ရှိ မြန်မာ့နွေဦးကို မည်သူတို့က မည်မျှတန်ဖိုးနှင့် ဈေးဖြတ် သည် ဟူသော အချက်ပေါ်တွင် မူတည်နေပေလိမ့်မည်။ အရှင်းဆုံး ဆိုရလျှင် “မြန်မာ့နွေဦး ဘယ်လောက်တန် မည် ထင်သနည်း” မေးခွန်း၏ အဖြေသည် သမိုင်းဘီး တစ်ပတ်လည်-မလည်၏ အဖြေနှင့် မျဉ်းတန်း သဘော ဆောင်ပေလိမ့်မည်။ တစ်ရာတန်သည် ဟု ဈေးဖြတ်သူက ရွေ့ခဲ့ပြီးသော အရွေ့ကို တစ်ရာတန် ဖြင့် ပေးချေပြီး တစ်ထောင်တန်သည် ဟု ဈေးဖြတ်သူက ရွေ့ခဲ့ပြီးသော အရွေ့ကို တစ်ထောင်တန်ဖြင့် ပေး ချေပေလိမ့်မည်။
● ပြင်ဆင်ရေး ဒီဘိတ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဒီဘိတ်သည် ရှမ်းမူကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သော ပြင်ဆင် ရေး ဒီဘိတ်နှင့်တော့ လုံးလုံးကြီး ခြားနားပါ၏။ ဦးနုလက်ထက် ပြင်မလား သစ်မလား ပြဿနာတွင် အသံလွှင့်ရုံမှတစ်ဆင့် တစ်နိုင်ငံလုံး သိကြားစေသက်သေညွှန်းခဲ့သော ရှမ်းမူတွင် ဖက်ဒရယ်မူကို လက်မခံ ခွဲထွက်မည် ဟု ဆိုလာခဲ့သည်။ အတိုက်အခံ ပမညတတို့က ရှမ်းမူကို လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။
ယခုသော် နိုင်ငံတော်သမ္မတကြီးသည်လည်းကောင
●ြ မန်မာ့နွေဦးသည် ရောင်းကုန်မဟုတ်
နိုင်ငံတကာမှ ကျွမ်းကျင်သူရာဖြတ်များကလည်း တန်ဖိုး အမျိုးမျိုး ဖြတ်ကြသည်လည်း ရှိသည်။ အချို့က “နိုင်ငံရေးပွင့်လင်းစ” ဟု ဆို၊ အချို့က “ဒီမိုကရေစီကူးပြောင်းရေးလမ်းခု
မြန်မာ့နိုင်ငံရေးကို ကိုင်၍ လှုပ်နိုင် ယမ်းနိုင်သော Player များမှာ လက်ချိုး၍ ရေနိုင်ပါ၏။ ရယ်ဒီကယ် ထောင်ချောက်ကိုလည်း ခုန်ပျံကျော်လွှားနိုင်ခဲ့ကြသူမျ
သန်း(၆၀)၏ မျှော်လင့်ချက်သည် မြန်မာ့နွေဦး ၌ အမြုတေ တည်နေသည်ကို သိရှိထားမှာသာ အရောင်း-အ၀ယ်သဘောဆန်သော တန်ဖိုးဖြတ် ဆုံးဖြတ် ချက်များကို ရှောင်ရှားနိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။
▬▬▬▬▬▬▬▬▬▬▬▬▬
[Source : The Voice Weekly]
▬▬▬▬▬▬▬▬▬▬▬▬▬
No comments:
Post a Comment