ပြည့်ဖြိုးနိုင်
ကမ္ဘာအရပ်ရပ်က ဒီမိုကရေစီအသွင်ပြောင်းဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး
ကျွမ်းကျင်သူတွေလို့ သတ်မှတ်ခံရသူတိုင်း စိတ်ဝင်တစား
စောင့်ကြည့်နေတဲ့မြန်မာ့ နွေဦးဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီကို
ဦးတည်ဖို့ ဂီယာချိန်းလိုက်ပြန်ပါပြီ။ အဲဒါတွေကတော့ ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းတုန်းက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးလိုက်တာနဲ့
အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မီးစိမ်းပြလိုက်တာတွေပါပဲ။
လူ့အခွင့်အရေးအဖွဲ့တချို့က နိုင်ငံရေးအကျဉ်းသားတချို့ ကျန်နေသေးတယ်လို့
ထောက်ပြ နေပေမယ့် သမ္မတဦးသိန်းစိန်ရဲက လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်
လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပစ်မှုတစ်ခုတည်းနဲ့ ပြစ်ဒဏ်ခံနေရသူအားလုံး
ပါဝင်ခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက အခြေခံဥပဒေပြင်ဆင်ဖို့ စီစဉ်နေတာကြောင့်
မြန်မာခေါင်းဆောင်တွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားဖို့
အမှန်တကယ်ပြင်ဆင်နေပြီလားလို့ အကဲခတ်စရာဖြစ်ခဲ့ပါပြီ။
သမ္မတဦးသိန်းစိန်ဟာ သူကတိပေးထားတဲ့အတိုင်း ၂၀၁၃ ခုနှစ် အကုန်မှာ နိုင်ငံရေး
အကျဉ်းသား လုံးဝမရှိစေရဘူးဆိုတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တာဟာ
နိုင်ငံတကာ စောင့်ကြည့်သူတွေကို မြန်မာအစိုးရအနေနဲ့ ပြောရင်ပြောတဲ့အတိုင်း
လုပ်တတ်တဲ့ တာဝန်ခံတဲ့ အပြုအမူကောင်းကို ကိုင်စွဲနေပြီလို့
သက်သေပြရာရောက်ခဲ့ ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေ
မလွတ်မီမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ညီလာခံတွေကို အသီးသီးကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့အတွက်
အဓိက အတားအဆီးဖြစ်တဲ့ အခြေခံဥပဒေ ပုဒ်မခွဲ ၅၉ (စ) ကို
ပြင်မပေးဘူးဆိုရင်တောင်မှ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည် သမ္မတ မဖြစ်နိုင်ရင်တောင်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့နွေဦးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့တာ သေချာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်က မှားခဲ့တဲ့ အမှားတချို့ကို မှန်မှန်ကန်ကန်သင်ခန်းစာယူနိုင်ခဲ့ပြီလို့ သတ်မှတ်နိုင်သလို နိုင်ငံတိုးတက်ရေးကို အမှန်တကယ် မျက်မှောက်ပြုနေပြီလို့လည်း သက်သေပြရာရောက်ခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီရဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ဟာ
မြန်မာ့နွေဦးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်စရာ ကောင်းနေတဲ့ အနာဂတ်ကို
ပန်းတွေပွင့်မယ့် နွေဦးဖြစ်စေမေယ့် အလားအလာကောင်းတွေ
ပိုင်ဆိုင်သွားစေခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာနဲ့
ပတ်သက်ပြီးအမှန်တကယ် လက်ခံနိုင်တဲ့ အခြေအနေ ရောက်အောင် အပြန်အလှန်
ညှိနှိုင်းဆွေးနွေးရဦးမယ့် အဆင့်တွေ အများကြီးကျန်သေးသလို အမှန်တကယ်
ပြင်နိုင်တဲ့ အခြေအနေရောက်ဖို့ကလဲ အခက်အခဲတွေ အများကြီးဖြတ်သန်းရဦးမှာပါ။
ဒါပေမယ့် အခြေခံဥဒေပြင်ဆင်ရေးကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထောက်ခံ ခဲ့ပြီးဖြစ်လို့
မြန်မာ့နွေဦးဟာ နောက်ပြန်လည်မယ့် အန္တရာယ် မရှိသလောက် နည်းသွားတာတော့
သေချာပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်ကိုယ်တိုင် အခြေခံဥပဒေပြင်ဆင်ရေးကို
တပ်မတော်ကဖြစ်သင့်တဲ့အခြေအနေမှာရှိရင်
ထောင်ခံမယ်လို့ ပြောခဲ့တာတွေကိုကြည့်ရင် မြန်မာ့နိုင်ငံရေးအတွက် အဓိကကျတဲ့
ပလေယာလို့ ဆိုရမယ့် မြန်မာ့တပ်မတော်ဟာ နိုင်ငံအသွင်ပြောင်းဖြစ်စဉ်တွေမှာ အားတက်သရောပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာသေချာပါတယ်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၄ နှစ်ဦးပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့
အဖြစ်အပျက်အားလုံးဟာ မြန်မာ့နွေဦးအတွက် မင်္ဂလာရှိလွန်းတဲ့
အဖြစ်အပျက်တွေလို့ပဲ ကျွမ်းကျင်သူတွေက သတ်မှတ်ပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်တဲ့
တာဝန် ထမ်းဆောင်နေသု နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ
ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဆူဆန်ရိုကစ် မြန်မာ့နွေဦးရဲ့ အလားအလာနဲ့
ပတ်သက်ပြီး မြန်မာ့ အသွင်ပြောင်းဖြစ်စဉ်တွေမှာ ကျရာကဏ္ဍကနေ
ပါဝင်နေသူအားလုံးဟာ အဖြစ်သင့်ဆုံး မျက်မှောက် အခြေအနေကိုပဲ
တူရှုထားတယ်လို့ထင်ပါတယ်။ တစ်ပါတီကြီးစိုးမှုနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ
နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ကြားက မြန်မာ့ခေါင်းဆောင်တွေ
ဒီမိုရေစီဆန်တဲ့ အမူအကျင့်တွေကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်တာဟာ
အံ့သြစရာကောင်းသလို မြန်မာပြည်သူတွေအတွက် ရင်ခုန်စရာဖြစ်နေမှာလဲ
သေချာပါတယ်။ မြန်မာ့နွေဦးနဲ့ ပတ်သက်တဲ့ သံသယဖြစ်စရာအချက်
မကျန်သလောက်ဖြစ်သွားပြီလို့ စောင့်ကြည့်သူ အားလုံး
ဝန်ခံရတော့မယ့်အချိန်ရောက်ပြီလို့ ထင်ပါတယ်” လို့ပြောပါတယ်။ အမေရိကန်နိုင်ငံရရဲ့ အရေးပါဆုံးအစိုးရအဖွဲ့ဝင်တစ်ဦးလို့ဆိုရမယ့် ဆူဆန်ရိုက်စ်ကိုယ်တိုင် အဲဒီလိုပြောခဲ့တာတွေကိုကြည့်ရင် မြန်မာ့နွေဦးဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီရောက်ဖို့ မဝေးတော့ဘူး လို့ ကောက်ချက် ချရမယ်ထင်ပါတယ်။
ဝါရှင်တန်ပိုစ့် အယ်ဒီတာအဖွဲ့မှ ရေးသားသော Will Budrma Choose To Be A True Democracy ? ကို ပြန်ဆိုသည်။
၆-၁-၂၀၁၄ ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။
https://www.facebook.com/politicalarticlesofmyanmar
No comments:
Post a Comment