ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၁/၂ဝ၁၄
၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်
(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း
စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း အကျဉ်းထောင် အသီးသီးမှ
ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၂ဝ၄(က) အရ နိုင်ငံတော်သမ္မတသည် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(ခရစ်နှစ် ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ရက်) မတိုင်မီ ကျူးလွန်ခဲ့သော
ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက
ယင်းကဲ့သို့ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်
လွတ်ငြိမ်းခွင့်ပြုလိုက်သည်-
(က)
|
သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ်တစ်သက် (နှစ်အကန့် အသတ်မရှိ) သို့ ပြောင်းလဲကျခံစေရန်။
|
(ခ)
|
နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့်
အကျဉ်းသားများ (သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ်မရှိသို့
လျှော့ပေါ့ကျခံ နေသူများ မပါ)နှင့် ထောင်ဒဏ်(၄ဝ)နှစ်အထက် ကျခံနေရသူများအား
ထောင်ဒဏ်(၄ဝ) နှစ်သို့ လျှော့ပေါ့ ကျခံစေရန်။
|
(ဂ)
|
ထောင်ဒဏ်(၄ဝ)နှစ်နှင့် အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ ကျခံနေ သော ထောင်ဒဏ် ၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်။
|
ပုံ (သိန်းစိန်)
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.president-office.gov.mm/zg/?q=briefing-room/news/2014/01/03/id-5097
No comments:
Post a Comment