ကုလသမဂ္ဂ၏(၆၈) ကြိမ်မြောက် အထွေထွေညီလာခံ တတိယအကြိမ်ကော်မတီ အစည်း အဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက် စာတမ်း Situation of the human rights in Myanmar ကို အစည်းအဝေးအစီအစဉ်၏ အမှတ်စဉ် 69(c) တွင် ကုလအထူး ကိုယ်စား လှယ်များနှင့် ကုလအထူး သံတမန်များ၏ အစီရင်ခံစာများနှင့် လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာများနှင့် ပတ်သက်၍ လူ့အခွင့်အရေးကို မြှင့်တင်ခြင်းနှင့် အကာအကွယ်ပေးခြင်း အစီအစဉ်တွင် ဆုံးဖြတ်ချက် မူကြမ်းအဖြစ် အတည်ပြုခဲ့သည်။ အဆိုပါကုလသမဂ္ဂ ဆုံးဖြတ် ချက်အား မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်က ပြန်လည်ဖြေရှင်း တင်ပြခဲ့သည်။
ကုလဆုံးဖြတ်ချက်မူကြမ်း A/C.3/L.55/Rev. 1 တွင် Situation of the human rights in Myanmar ကို ကုလလူ့အခွင့်အရေး၊ လူလူချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ရေးရာ ကော်မတီအစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့ပြီး၊ မဲဆန္ဒခံယူမှု လုံးဝပြုလုပ်ခြင်း မရှိဘဲ အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး မိမိတို့အစိုးရ ကိုယ်စားလှယ်၏ ရပ်တည်ချက်ကို ဖတ်ကြားရှင်းလင်းရန်အတွက် ဤညီလာခံသို့ တက်ရောက်လာခြင်း ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံတည်းကိုရွေးချ
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် နိုင်ငံရေးလှုပ်ရှားမှု လွပ်လပ်ခွင့် ပိုမို ရရှိလာမှု၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ ပြောဆိုခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ဆက်တိုက်ဆက်တိုက်လွှတ်ပေးခြင်း၊ ဥပဒေ ရေးရာ ပြုပြင်ပြောင်းလဲမှုစသည့် နယ်ပယ်အများအပြားတွင် အပြုသဘော ဆောင်သော ဖြစ်ပေါ်တိုးတက်မှုများကို ကြိုဆိုသည့် ကော်မတီ၏ ဆုံးဖြတ်ချက်မူကြမ်းပါ စာပိုဒ် အများ အပြားကို ဖတ်ရှုရသဖြင့် မိမိတို့၏ ကိုယ်စားလှယ်က ကျေနပ်မိပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အရွယ်မရောက်သေးသည့် စစ်သား များ စုဆောင်းခြင်းနှင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ အဆုံးသတ်ရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုများကို အဆိုပါမူကြမ်းတွင် အသိအမှတ်ပြု ဖော်ပြထားသည့် အချက် ကိုလည်း ကျေနပ်မိပါသည်။
သို့ရာတွင် အဆိုပါဆုံးဖြတ်ချက် မူကြမ်းပါအချက်များ အားလုံးကို မိမိတို့သဘော မတူနိုင်ကြောင်း မိမိတို့အနေဖြင့် ပြောကြားလိုပါသည်။ မူကြမ်းပါ အချို့စာပိုဒ်များနှင့် ပတ်သက်ပြီး မိမိတို့ဘက်မှ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ မိမိတို့ဘက်မှ ပန်ကြားချက်များ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော် လည်း ကော်မတီ၏ သဘောထားမှတ်ချက် အမှတ်(၅)၊ (၁၀) နှင့်(၁၄) တို့တွင် ထိလွယ်ရှလွယ်သည့် သို့မဟုတ် မလိုလားအပ်သော ရေးသား ဖော်ပြချက်များ ပါရှိနေဆဲ ဖြစ်ပါသည်။
မည်သည့်နိုင်ငံမျှ လူ့အခွင့်အရေးစံချိန်စံညွှန်းမျာ
ပြုပြင်ပြောင်းလဲမှုများ အရှိန်မြန်စွာ ဖြစ်ပေါ်နေချိန်တွင် ယခင်မရှိခဲ့ဖူးသည့် လွတ်လပ်ခွင့်နှင့် နိုင်ငံရေး ပွင့်လင်းလာမှုကို အခွင့်ကောင်းယူပြီး အချို့သော ဥပဒေ ချိုးဖောက်သူများက ပြီးခဲ့သည့်နှစ်တွင် ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများကို ကံမကောင်း အကြောင်း မလှစွာဖြင့် ဖြစ်ပေါ်စေခဲ့ရမှုများကို စိုးရိမ်နေမှုများအား မိမိတို့လဲ မျှဝေခံစားမိပါသည်။ သို့ရာတွင် ဆုံးဖြတ်ချက်မူကြမ်းတွင် မမှန်မကန်ပါရှိ သကဲ့သို့ ဘာသာတရား တစ်ခုကို ဆန့်ကျင်ပြီး တိုက်ခိုက်မှု မဟုတ်ဘဲ လူ့အဖွဲ့အစည်း နှစ်ရပ် အကြားတွင် ထိပ်တိုက် ရင်ဆိုင်မှုများဖြစ်ပေါ်ခဲ့ရခြင်း
အဆိုပါ အကြမ်းဖက်မှုများပြန်လည် ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ပြစ်မှု ကျူးလွန်သူ များကို လူမျိုးဘာသာမခွဲခြားဘဲ အရေးယူဆောင်ရွက်ရန် မြန်မာအစိုးရ အနေဖြင့် အစိုးရ အဆင့်မြင့်တာဝန်ရှိသူများ၏ ဇောက်ချလုပ်ကိုင်နေမှုရှိသည် ဆိုသည့်အချက်ကို အရေးကြီး ဆုံး အချက်အနေဖြင့် တင်ပြလိုပါသည်။ မကြာခင်က မြန်မာပြည်သို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက်ချိန်တွင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ပစ်ရန် အရပ်သား ပြည်သူလူထုကို အကာအကွယ် ပေးရန်နှင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့် များအား အပြည့်အဝ လေးစားလိုက် နာစေရေး ဆောင်ရွက်ရန်တို့အတွက် အာမခံကြောင်း မြန်မာအစိုးရက တုံ့ပြန်ပြောကြား ခဲ့ပြီးဖြစ်ပါသည်။ ကိုးကွယ်ယုံကြည်မှု မတူညီ အချင်းချင်း စေ့စပ် ဆွေးနွေးမှုများ အားပေး မြှင့်တင်ရန် လူထုချင်း စာနာ ထောက်ထားမှု အထောက်အပံ့များကို ပေးအပ်ရေးတို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အစိုးရက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ ပြီးခဲ့ သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ လာရောက်ခွင့်ပြုခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ လူထုချင်းစာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို အခုထက် ပိုမို ကောင်းမွန်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးအတွက် အသင့်ရှိသည် ကို မြန်မာနိုင်ငံက ပြသခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ လူ့အဖွဲ့အစည်းနှစ်ရပ်တွင် အကြမ်းဖက်မှုကြောင့် ဆင်းရဲဒုက္ခများ၊ အကြောက် တရား များ၊ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုများကို လူ့အဖွဲ့အစည်း နှစ်ရပ် စလုံးတွင် ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများသည် မျှဝေခံစားမိသည့် အနေဖြင့် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း အားလုံးတွင် သည်းညည်း ခံမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင
အထက်ဖော်ပြပါ သဘောထားမှတ်ချက်တွင် “ရိုဟင်ဂျာ လူနည်းစု” ဟူသည့် စကား အသုံးအနှုန်းကို ယခင်ကာလများကအတိုင်း ဆန့်ကျင်ကြောင်း မိမိတို့ ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားရမည် ဖြစ်ပါသည်။ မိမိတို့မြန်မာနိုင်ငံတွင် ရှိသော လူမျိုးစု ၁၀၀ ကျော် အနက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမှ မရှိခဲ့ဆိုသည့်အချက်မှာ အဆိုပါ အသုံးအနှုန်းနှင့် ဆန့်ကျင်နေပါသည်။ မည်သို့ဆိုစေကာမူ မြေယာပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာ လှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များ ရယူအသုံးပြုမှုကဲ့သို့ သော အခြားမည်သည့် တောင်းဆိုမှုများအပြင် နိုင်ငံသား ခံယူခွင့် တောင်းဆိုမှုတို့ကိုလည်း မြန်မာနိုင်ငံ၏ဥပဒေများ တည်ဆဲ ဥပဒေအောက်တွင် ရှိသော လုံခြုံရေးအခြေအနေ များနှင့် အညီ ထည့်သွင်းစဉ်းစား သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီ
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုလမ်းကြောင်းအပေါ်တွင
အပြုသဘောဆောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် တိုင်းပြည်တစ်ပြည်အား ကော်မတီက ဆက်လက် ကန့်ကွက်နေမည်ဆိုပါက ဆိုးရွားသည့် နမူနာတစ်ခုတွင် ကျန်ရစ်မည် ဖြစ်ပါသည်။
မိမိတို့၏ ကျိုးကြောင်း ညီညွတ်သော မူဝါဒဆက်လက်ကိုင်စွဲသည့် အနေဖြင့် လက်ရှိ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အရေးပါသည့် လူမှု စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည် အာရုံစိုက်နိုင်မည့် ချဉ်းကပ်မှုအသစ်ကို ကုလသမဂ္ဂနှင့် အတူ တစိုက်မတ်မတ် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံတည်းကို ကွက်၍ ဆုံးဖြတ်ချက်ချမှုကို ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲ မိမိတို့၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှုအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ခံသွားရန် နည်းလမ်း အမြောက်အမြားရှိနေပါသည်။
နိဂုံးမချုပ်မီ ပြောကြားလိုသည်မှာ မိမိတို့အနေဖြင့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံ များကို ပြောကြားလိုပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်းတွင် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ပြီး အခြေခံမူတစ်ရပ်ကို စွဲကိုင်သည့် ဒေသတွင်းမှ မိတ်ဆွေနိုင်ငံများကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါသည်။ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နှင့် အစ္စလာမ္မစ်ပူးပေါင်း ဆောက်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ ကိုလည်း ၎င်းတို့၏ လိုက်လျောညီထွေရှိမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလို ပါသည်။ အပြုသဘောဆောင်သော ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် ဖြစ်ပေါ်လာစေရေးတွင် မိမိတို့အား အကူအညီပေးခဲ့သည့် ကုလအထူးကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင် ကြောင်း ပြောကြားလိုပါသည်. သဘာပတိကြီးနှင့် သဘာပတိကြီး၏ ရုံးအဖွဲ့ကိုလည်း မျှတစွာနှင့် ထိရောက်မှုရှိရှိ ကော်မတီက ဆောင်ရွက်နိုင်ရန် ညွှန်ကြား ပြသပေးခဲ့ခြင်း အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။
(၂၁-၁၁-၂၀၁၃) ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ အတွဲ(၁) အမှတ်(၂၃၀)မှ ကူးယူဖော်ပြသည်။
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
No comments:
Post a Comment