Thursday, November 21, 2013

ခိုးဝင်ဘင်္ဂလီအရေး စိတ်မအေးဖွယ်

သမိုင်းလေ့လာသူ တစ်ယောက်အနေနဲ့ တခြားဘာသာရပ်တွေကို လေ့လာလိုက်စားသူများနဲ့ မတူတဲ့ အတွေးအခေါ်တွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ခေတ်သစ်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို လေ့လာတဲ့အခါမှာ ခေတ်ဟောင်းသမိုင်းကို သိထားခြင်းအားဖြင့် ခေတ်သစ်မှာ ပေါ်ပေါက်နေတဲ့ ပြောင်းလဲမှုတွေကို မှန်မှန်ကန်ကန် တွေ့မြင်သိရှိနိုင်ပါတယ်။

လူမျိုးအသစ်နဲ့ နိုင်ငံတစ်ခုပေါ်ပေါက်လာတာကို ၂၀ ရာစုသမိုင်းမှာ တွေ့ခဲ့ရပါတယ်။ လူမျိုးအသစ်က ပါလက်စတိုင်းလူမျိုးဖြစ်ပါတယ်။ ပါလက်စတိုင်းလူမျိုးဆိုတာ ၁၉၆၇ ခုနှစ်က အာရပ်မျိုးနွယ်အုပ်စုတစ်ခုက ဂျူးလူမျိုးများ၏ ဇီယွန်ဝါဒကို တိုက်ဖျက်ဖို့အတွက် တီထွင်ခဲ့တာ ဖြစ်ကြောင်းကို အမေရိကန် ကွန်ရက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခဲ့သူ Newt Gingrich နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက သဘောတူခဲ့ ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ Palastine Battelion ဆိုတာ ဂျူးလူမျိုးတွေ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ပါလက်စတိုင်းဆိုတာ နယ်မြေအမည်ဘဲ ဖြစ်ပါတယ်။ လူမျိုးအမည် မဟုတ်ပါဘူး။ အာရပ်ဆိုတာ လူမျိုးပါ။ အဂုအချိန်မှာ နေရာတိုင်းလိုလို ကမ္ဘာ့ထိပ်တန်း နေရာတိုင်းကို ရောက်နေတဲ့ အစ္စရေးတွေတောင် လက်မြှောက်အရှုံး ပေးလိုက်ရတဲ့ ပါလက်စတိုင်း လူမျိုးသစ် တီထွင်မှု သာဓကတွေ ရှိခဲ့တဲ့အတွက် ဒီနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘင်္ဂါလီ ကျူးကျော်သူများ၏ ပြဿနာနဲ့ ဆက်စပ်ပြီး တွေးချင်လို့ ဒေဆောင်းပါးကို ရေးလိုက်တာပါ။ နှစ်ပေါင်းရာချီ နေထိုင်လာတဲ့ မူစလင်တွေ ကိုရည်ညွှန်းတာမဟုတ်ပါဘူး။

ပါလက်စတိုင်းတွေရဲ့ Nation Building Strategy နဲ့ ဘင်္ဂါလီနိုင်ငံရေးသမိုင်း မဟာဝိဇ္ဇာတန်းမှာ Histriography ကို
လေ့လာခဲ့ဘူးပါတယ်။ လူမျိုးတစ်မျိုးဟာ နိုင်ငံတစ်ခုတည်ထောင်တော့မယ်ဆိုရင်သမိုင်းဆိုင်ရာ အချက်အလက်နဲ့
ဘာသာရေးနဲ့ ဆက်စပ်ပြီး ဒဏ္ဍာရီတွေ တီထွင်ရပါတယ်။

ပါလက်စတိုင်းဒေသမှာနေတဲ့ အာရပ်တွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ဂျူးတွေရဲ့ သမိုင်းကိုဖျက်ပြီး သမိုင်းသစ်ရေးသားမှုကို ၁၉၄၈ ခုနှစ်လောက်ကတည်းက Hajj Amin Husseini တွေလို အာရပ်ခေါင်းဆောင်တွေက စတင်ခဲ့ပါတယ်။ အာရပ်တွေရဲ့
ပါလက်စတိုင်းသမိုင်းလိမ်က ဂျူးတွေရဲ့နိုင်ငံ ထူထောင်ခွင့်ကို ငြင်းပယ်ထားပါတယ်။ ရှေးဟောင်းကမ္ဘာ့သမိုင်းကို လေ့လာတဲ့အခါမှာ
ဂျူးတွေရဲ့ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုက သာနေရာယူထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်မှာ ပါလက်စတိုင်းဆိုတာ နေရာမဟုတ်ဘဲ လူမျိုးဖြစ်သွားတာကို ကျွန်တော် တို့ မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

ဒီနေ့မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ သူတို့ရဲ့ လူမျိုးသစ် ရိုဟင်ဂျာဆိုတာ ၁၉၅၂ခုနှစ် လေက်မှာဖန်တီးခဲ့ကြတယ်။ ရခိုင်တွေရဲ့ အစဉ်အလာကြီးမားတဲ့ သမိုင်းအစဉ်အလာကို ဘေးချိတ်ပြီး ရခိုင်ဆိုတာ မွတ်စလင်ဘရင်တွေ အုပ်ချုပ်တဲ့ နိုင်ငံ ဆိုတာမျိုးကို ပြောလာတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဘင်္ဂါလီကို အရပ်အနွယ်ဝင်တွေ အဖြစ်ဆက်စပ်ဖော်ဆောင်လာခြင်းဟာ ပါလက်စတိုင်းရဲ့ ဖြစ်စဉ်နဲ့ ခပ်ဆင်ဆင် ဖြစ်နေပါတယ်။ သမိုင်းဆိုင်ရာ
အချက်အလက်ကို အသစ်ဖန်တီးခြင်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ဖော်ပြနေပါတယ်။

ဒီနေ့ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့ အမျှသတင်းတွေမှာဖတ်နေရတဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ အသစ်တီထွင်လိုက်တာ ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံဘေးနားမှာ တည်ရှိတဲ့ အာရပ်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ ဆီးရီးယားဂျော်ဒန်၊ လက်ဘနွန် နဲ့ ဘီအိုအင်လူမျိုးတွေကို စုပေါင်ပြီး
ပါလက်စတိုင်း လူမျိုးဆို ပြီး တီထွင်ခဲ့တာ သမိုင်းကို အတိုင်းအတာတစ်ခုအထိ လေ့လာဖူးသူတိုင်း သိနေတဲ့ကိစ္စ ဖြစ်ပါတယ်။ အော်တိုမန် အင်ပါယာ ခေတ်နဲ့ ဗြိတိန်တွေ ပါလက်စတိုင်းဒေသမှာ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့အတူ ဝင်ရောက်လာတဲ့ လူမျိုးတွေ ဖြစ်တယ်ဆိုတာကို သမိုင်းအထောက်အထားတွေက သက်သေပြနေပါတယ်။ ပါလက်စတိုင်းလူမျိုး မရှိသလို၊ ယဉ်ကျေးမှု၊ ဘာသာစကား ဆိုတာမျိုးလည်း သီးသန့်မရှိပါဘူး။

ဒီနေ့ရိုဟင်ဂျာဆိုတာ မှာလည်း သီးခြားယဉ်ကျေးမှု၊ သီးခြားဘာသာစကား မရှိပါဘူး။ ဒီနေ့ရိုဟင်ဂျာ ဆိုတာမှာ လည်း သီးခြားယဉ်ကျေးမှု၊ သီးခြားဘာသာစကား သီးသန့်မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဘင်္ဂါလီဘာသာ၊ စကားနဲ့ ယဉ်ကျေးမှုဖြစ်တာကို တွေ့ရပါမယ်။

၁၉၄၈ခုနှစ် များတွေက ပါလက်စတိုင်းအရေးဟာ အာရပ်ခေါင်းဆောင်တွေရဲ့ ဒုက္ခသည်အရေးသာ ဖြစ်ပါတယ်။ ပါလက်စတိုင်း နိုင်ငံ တည်ထောင်ရေး မဟုတ်ပါဘူး။ ဒါပေမယ့် ၂၁ရာစု အရောက်မှာတော့ ဒုက္ခသည်ပြဿနာ မဟုတ်တော့ဘဲ ပါလက်စတိုင်း နိုင်ငံထူထောင်ရေး ဖြစ်လာာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှာ ဖြစ်ပေါ် နေတဲ့ ဘင်္ဂါလီပြဿနာဟာ ၁၉၅၂ခုနှစ်လောက် ကတည်းက မြန်မာ့မြေပေါ်မှာ နိုင်ငံသစ်တစ်ခုတည်ထောင်ရေး ဖြစ်တယ်ဆိုတာကို ဒီနေ့ နိုင်ငံ့ခေါင်းဆောင်တွေ သိထားသင့်တယ်။

မြန်မာတို့ရဲ့ Nation Building Stratrgy ဘာလဲ။မြန်မာတို့ရဲ့ ခေတ်သစ် Nation Building Strategy ကဘာလဲဆိုတဲ့ မေးခွန်းကိုမေးစရာ ဖြစ်လာတယ်။ သမ္မတရုံးဝန်ကြီး ၊ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းနဲ့ စကားပြော ဖြစ်ခဲ့ပါတယ်။ မြန်မာတို့ရဲ့ National Identity ကဘာလဲလို့မေးတော့ ကျွန်တော် တအံ့တသြဖြစ်ခဲ့ရတယ်။ မိမိတို့ရဲ့ အမျိုးသားရေး လက္ခဏာဆိုတာကို မသိရင် နိုင်ငံကို ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ အတွေးလည်း ခေါင်းထဲရောက်လာခဲ့တယ်။

အရှေ့တောင်အာရှမှာ တိုင်းရင်းသားလူမျိုးစုတွေ များပြားလှတဲ့ မြန်မာနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ဆင်နွှဲနေတဲ့ နိုင်ငံအဖြစ် လူသိများပါတယ်။ ကချင်၊ ကရင်၊ ကယား၊ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ ဆိုတာ မြန် မာနိုင်ငံထဲမှာ အဓိက
မျိုးနွယ်စုတွေဖြစ်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ ဒီလူမျိုးစုတွေအပြင် လူမျိုးစုငယ်တွေကို စုစည်းနိုင်မှသာ ကျွန်တော်တို့ငြိမ်းချမ်းတဲ့ ခေတ်သစ် ပြည်သူ့လူ့ဘောင်ကို တည်ဆောက် နိုင်မှာပါ။

၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ကျွန်တော်တို့တွေ နိုင်ငံကို မတည်ဆောက်နိုင်ခဲ့ဘူးဆိုတာ ပြည်တွင်းစစ်က သက်သေဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ ခေတ်သစ်တစ် ခုကို စတင်တည်ဆောက်နေတယ်။ အဲဒီ ခေတ်သစ် မြန်မာ့လူ့အဖွဲ့အစည်းမှာ တိုင်းရင်းသားတွေ လက်တွဲနေထိုင်ရေးသား အဓိကကျပါတယ်။ ကျွန်တော်တို့ရဲ့ ခေတ်သစ် Nation Building Strategy ကနှစ်ထောင်ချီ နေထိုင်လာကြတဲ့ တိုင်းရင်း သားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကို ရပ်စဲပြီးစည်းလုံးညီညွတ်တဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို တည်ဆောက်ရေးသာ အဓိကကျပါတယ်။

နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ယူဆောင်လာပြီး မြန်မာ့လူ့အဖွဲ့အစည်းမှာ လက်ခံလာအောင် လုပ်ဆောင်နေခြင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ပိုပြီးတော့ ပရမ်းပတာ ဖြစ်စေနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကို မြည်းစမ်းနေတဲ့
မြန်မာ့လူ့အဖွဲ့အစည်းဆိုတာ အရာရာ ပရမ်းပတာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းပါ။ ပြည်တွင်းစစ်၊ ပြည်သူတွေရဲ့ အသိဥာဏ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှု၊ လူသားချင်း စာနာနားလည်မှု ၊မိသားစု ဘဝ မလုံခြုံမှု၊ တစ်ဦးချင်းရဲ့ ဘဝလုံခြုံမှု မရှိခြင်းစတာတွေနဲ့ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို မိမိတို့ကိုယ်တိုင် သိဖို့လို ပါတယ်။ အဲဒီလိုလူ့ အဖွဲ့အစည်းကို စနစ်တကျဖြစ်အောင် တည်ဆောက်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှိနိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှုကြောင့် လွင့်ထွက်လာတဲ့ ပြဿနာကို ကိုင်တွယ်ရာမှာ လက်ရှိအစိုးရ အနေနဲ့ တိကျပြတ်သားဖို့ လိုပါတယ်။ အိန္ဒိယအစိုးရရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အာသံ ပြဿနာကိုင်တွယ်ပုံကို လေ့လာသင့်တယ်။

နိုင်ငံကိုဦးဆောင်မယ့် အစိုးရတစ်ရပ်ဆိုတာ ခိုင်မာပြတ်သားတဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး တွေရှိနေမှသာ ပြည်သူတွေရဲ့ ထိုက်တန်တဲ့ လေးစားသမှုကို ရရှိမှာဖြစ်ပါတယ်။ နိုင်ငံတာဖိအားတွေကြောင့် သမ္မတကတစ်မျိုး၊ ဝန်ကြီးကတစ်ဖုံ ဖြစ်နေရင် နိုင်ငံတကာ လူပုံအလယ်မှာ မြန်မာလူမျိုးအတွက် အရှက်ရစရာ ဖြစ်စေနိုင်ပါတယ်။

နိုင်ငံတွေကိုတည်ဆောက်သူတွေအနေနဲ့ ရေတိုဖြေရှင်းလိုက်တဲ့ ပြဿနာက ရေရှည်မှာ ပြဿနာကြီးဖြစ်စေမယ့် အရာမျိုး မလုပ်သင့်ပါဘူး။ ဒီနေ့မြန်မာ့ လူ့အဖွဲ့အစည်း ရင်ဆိုင်နေရတာက ပြည်တွင်းစစ်နဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ပရမ်းပတာဖြစ်နေမှုကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ က အဓိကကျပါတယ်။ နယ်ပယ်ချဲ့ထွင်လာတဲ့ တိုင်းတစ်ပါးသားတွေအပေါ် ပြတ်သားမှုမရှိခဲ့ဘူး ဆိုရင် ဒီနေ့ခေါင်းဆောင်တွေဟာ အနာဂတ် လူငယ်တွေရဲ့ အပြစ်တင်မှုကို ခံနေရမှာပါ။ လက်ရှိအချိန်မှာ မြန်မာတွေရဲ့ Nation Building Strategyက အတွင်းစည်း အပြင်စည်းကို သတ်မှတ်ပြီး ထားရှိမှသာ တော်ရာကျမယ် ထင်ပါတယ်။

လေးဝတီ
True News ဂျာနယ် အတွဲ (၅) အမှတ် (၁၉) မှာ ပါရှိတဲ့ ဆောင်းပါး ဖော်ပြချက်ကို မူရင်းအတိုင်း လေးဝတီက ပြန်လည် ကောက်နုတ်တင်ပြခြင်းသာ ဖြစ်ပါသည်)
 

No comments:

Post a Comment