Monday, December 30, 2013

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အုပ်ချုပ်သူနှင့် အတိုက်အခံ နိုင်ငံရေးပဋိညာဉ်ရှိရန်လိုဟု လာရီဒိုင်းမွန်း ပြောကြား

30/12/2013

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အုပ်ချုပ်သူနှင့် အတိုက်အခံတို့အကြား အားပြိုင်တိုက်နေရ မည့် အခြေအနေမဟုတ်ဘဲ နိုင်ငံရေးပဋိညာဉ် ခိုင်ခိုင်မာမာနှင့် အလျှော့အတင်း ပြုလုပ်သွားရမည်ကို သ တိပြုရန်လိုသည်ဟု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သူ ပါ- မောက္ခ လာရီဒိုင်းမွန်းက ဒီဇင်ဘာ ၂၉ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံရဲ့အခြေအနေက အုပ်ချုပ်သူနဲ့အတိုက်အခံ တစ်ဖက်နဲ့တစ်ဖက် အပြိုင်တိုက်လို့ရမယ့်အခြေ အနေမျိုး မဟုတ်ဘူး။ အတိုက်အခံတွေဘက်ကလည်း အုပ်ချုပ်သူဘက်ကို မက်လုံးတွေပေးဖို့လိုတယ်။အတိုက်အခံတွေဘက်က အုပ်ချုပ်သူနဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေလုပ် ရင်လဲ စေ့စပ်ဆွေးနွေးပွဲတိုင်းဟာ ကိုယ်လိုချင်တဲ့အချက် အားလုံးရရမယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ အ လျှော့အတင်းတွေ ရှိပါတယ်ဆိုတာ သတိပြုရပါမယ်”ဟု ရန်ကုန်မြို့ Orchid Hotel တွင် အလင်းစေတ မန်စာကြည့်တိုက်မှ စီစဉ် ကျင်းပသည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးပဋိညာဉ်မရှိ သည့် အခြေအနေအန္တရာယ် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး အုပ်ချုပ်သူနှင့် အတိုက်အခံကြားတွင် နှစ်ဦးနှစ်ဖက် အား အာမခံပေးနိုင်မည့် နားလည်မှု၊ သဘောတူညီမှု၊ အာမခံပေးမှု၊ အကန့်အသတ်၊ ယုံကြည်မှုနှင့် ပူး ပေါင်းဆောင်ရွက်မှု စသည့်လုံခြုံရေးစနစ်များမှာ အရေးကြီးပြီး နှစ်ဦးနှစ်ဖက်ကြား လုံခြုံရေးစနစ်မရှိလျှင် တည်ငြိမ်မယ့် ဒီမိုကရေစီနစ်ဆိုတာ ရှိလာမည်မဟုတ်ကြောင်းကိုလည်း ပါမောက္ခလာရီဒိုင်းမွန်းက ပြော ကြားသည်။

နိုင်ငံရေးပဋိညာဉ်သည် အသွင်ကူးပြောင်းသည့်ဖြစ်စဉ်ကို မည်ကဲ့သို့သွားမည်ဆိုသည့် အချက်ကို အုပ် ချုပ်သူနှင့် အတိုက်အခံများကြား အခြေခံကျသည့် သဘောတူညီချက်၊ နားလည်ချက် ထားရှိခြင်းကို ဆို လိုခြင်းဖြစ်သည်။ အသွင်ကူးပြောင်းရေးများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်သည့်အခါ တရားဝင် ထုံး တမ်းစဉ်လာ (ဥပမာ အခြေခံဥပဒေ)များ ရှိနေသကဲ့သို့ အလွတ်သဘော နားလည် သဘောတူညီမှုများ လည်း ပါကြောင်းကိုလည်း ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် လုံခြုံရေးစနစ်သည် အရေးကြီးကြောင်း လုံခြုံရေးစနစ်ဟု ဆိုရာ တွင် ရုပ်ပိုင်းဆိုင်ရာတွင်သာမက နိုင်ငံရေးကစားပွဲတစ်ခု၏ စည်းမျဉ်းစည်းကမ်းများ၊ အသွင်ကူးပြောင်း ရေးကို မည်သည့်နည်းလမ်းဖြင့် ခရီးဆက်ရမည်ဆိုသည့် အချက်များပါ ပါဝင်သည်ဟု ဆိုသည်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုများအနေဖြင့်လည်း အလျှော့အတင်းလုပ်ပြီး လက်ခံရမည့်အချက်များ တွင် အုပ်ချုပ်သူ ခေါင်းဆောင်ဟောင်းများ၏ အတိတ်မှ ကျူးလွန်မှုများကို သင်ပုန်းချေပေးခြင်း၊ အုပ်ချုပ် သူနှင့်ပတ်သက်နေသည့် ခရိုနီများကို ၎င်းတို့ပိုင်ဆိုင်ထားသည့် စည်းစိမ်များအတွက် ဆက်ပြီးထိန်းသိမ်း ခွင့်ရှိကြောင်း အသိပေးစေခြင်း၊ အုပ်ချုပ်သူများ အနာဂတ်တွင်လည်း ၎င်းတို့အတွက် နေရာတစ်နေရာ ရှိ နေကြောင်း အသိပေးခြင်းတို့ကို လက်ခံရမည်ဖြစ်ကြောင်း လာရီဒိုင်းမွန်းက ပြောသည်။

“ဒီမိုကရေစီ လိုချင်သူတွေအတွက် လက်ခံရတာ မသက်မသာဖြစ်ရတဲ့ အခြေအနေတွေပါတယ်။ ဒါတွေ နဲ့ဆက်စပ်ပြီးတော့ တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အတိတ်ဟောင်းက အုပ်ချုပ်သူ တွေ လုပ်ခဲ့သလိုမျိုး အနာဂတ်မှာ လုပ်မယ်ဆိုရင် သည်းခံမှာမဟုတ်တဲ့အကြောင်း၊ ရှေ့ဆက်ဖြစ်လာ မယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အနာဂတ်မှာ ဆက်ပြီး သည်းခံမှာမဟုတ်ကြောင်းကိုလည်း အုပ် ချုပ်သူတွေကို သိစေရမှာဖြစ်ပါတယ်”ဟု လာရီဒိုင်းမွန်းက ပြောသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲစနစ် အပြောင်းအလဲသည် အတိုက်အခံများဘက်မှ အုပ်စိုးသူများကို မက် လုံးပေးနိုင်သည့် အရာတစ်ခုဖြစ်နိုင်ကြောင်း ဆိုသည်။

ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) သည် မဲအရေအတွက်ပေါ်မှာ မူတည်ပြီး ကျင့်သုံး နေသည့် ယခုစနစ်ထက်စာလျှင် အုပ်စိုးသူများကို မက်လုံးပေးနိုင်မည်ဖြစ်သည်ဟုလည်း အချိုးကျကိုယ် စားပြုစနစ်ကို ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်။

ပါမောက္ခလာရီဒိုင်းမွန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ ကမ္ဘာ့ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု စတန်းဖို့တက္ကသိုလ်တွင် သုတေသနနှင့် သင်ကြားပို့ချမှု ပြုလုပ်နေသူ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment